NewsPolitic

ရက္ခိုင်ရှိ ကျန် ၃ မြို့ကို အမြန်ဆုံးသိမ်းပိုက်နိုင်အောင် လုပ်ရန်လို

Featured Video Play Icon

အာရက္ခတိုင်းမ်စ်(၂၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်ရှိ မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော်အနေနဲ့ ကျန် ၃ မြို့ကိုလည်း အမြန်ဆုံးသိမ်းပိုက်နိုင်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သေချာတာတစ်ခုကတော့ ကျနော်တို့အမြင်အရတော့ ဒီမြို့ ၃ မြို့ပဲ ကျန်တယ်ဆိုတဲ့အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေ အနေနဲ့လည်း ဒီဟာတွေကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ထင်တယ်လေ။ ဘာလို့ဆို ကျန်တဲ့ ရက္ခိုင်တစ်ပြည်နယ်လုံးကိုလည်း သိမ်းလာပြီးပြီ။ မြို့တွေအများကြီးလည်း သိမ်းလာပြီးပြီဆိုတဲ့အခါမှာ ဒီ ၃ နေရာကိုတော့ ချန်ထားလို့ ရမယ်မထင်ဘူး။ အဲဒီတော့ ဒီဟာကိုတော့ အမြန်ဆုံးပြီးပြတ်အောင် သိမ်းလိုက်ဖို့ လိုသလို အခုသိမ်းပိုက်ပြီးတဲ့မြို့တွေမှာလည်း ပြည်သူတွေကို နေထိုင်နိုင်အောင် အုပ်ချုပ်ရေးအစီအမံတွေ၊ လုံခြုံရေးအစီအမံတွေ ဒါတွေကတော့ ဆက်ပြီးတော့ သူတို့ အကောင်အထည်ဖော်ရမှာပေါ့။ ရက္ခိုင်ပြည်သူတွေ ကတော့ ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပလက်ဝအပါအဝင် ကျန်မြို့နယ်တွေကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာပါ။

ဒ့ါအပြင် လက်ရှိမှာတော့ ကျောက်ဖြူမှာ နှစ်ဖက်အင်အားစုအကြား အပြန်အလှန် စစ်ရေးရင်ဆိုင်နေကြသလို စစ်တွေမြို့နဲ့ မလှမ်းမကမ်းမှာလည်း ရံဖန်ရံခါ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေပြီး  ဒရုန်း၊ လေယာဉ်တွေအပါဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာလို့ သိရပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “ရက္ခိုင်ကတော့ အခုဆိုရင် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် ဒီ ၃ မြို့နယ် ကျန်တယ်ပေ့ါလေ။ အခုဆိုလည်း ကျောက်ဖြူအတွင်းမှာတော့ ခဏခဏ ပစ်နေကြတယ်။ လေကြောင်းတို့ ဒရုန်းတို့နဲ့ ကျေးရွာတွေကို ပြည်သူတွေကို သတ်နေတယ်။ ဘုန်းကြီးကျောင်းတွေကအစပေါ့။ တော်တော်လေးတော့ဆိုးတယ်။ တဖြေးဖြေးနဲ့ မြို့တွင်းပိုင်းကိုတောင်မှ သူက ပေါက်လာတယ်ပေါ့။ အဲဒီတော့ ထိခိုက်မှုတွေရှိလာတယ်” လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာလည်း မေလနဲ့ ဇွန်လအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး ဇူလိုင် ၁၀ ရက်မှ ၂၁ ရက်အထိ တိုက်ပွဲတွေဟာ ၁၀ ရက် ကျော်ကြာ ငြိမ်သက်ခဲ့ပြီး ပြန်ဖြစ်ပွားနေတာပါ။

ဒါအပြင် စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာ ဆက်တိုက်လုပ်လာနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေကြတဲ့ အခြေအနေမှာရှိနေတယ်လို့လည်း သိရပါတယ်။

Related posts

ရွေးကောက်ပွဲအောင်မြင်မှ နိုင်ငံအနာဂတ်လှပမယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

မြောက်ဦးကို ညအချိန် စစ်ကော်မရှင် ဗုံးကြဲလို့ ပြည်သူ ၁၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ(Breaking News)

Rakhita Times

စကမရဲ့ ဒရုန်းအကြီးစား တစင်း AA ရရှိ

Rakhita Times

6 comments

production company ဇန်နဝါရီ 5, 2026 at 10:52 မနက်

need a video? film production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

Reply
ab-resurs ဇန်နဝါရီ 6, 2026 at 6:49 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Reply
kraken ဇန်နဝါရီ 6, 2026 at 9:59 ညနေ

Официальный доступ к площадке кракен вход с максимальной безопасностью и шифрованием всех данных пользователей

Reply
RobertBrory ဇန်နဝါရီ 7, 2026 at 1:16 ညနေ

Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Reply
Stanleynutty ဇန်နဝါရီ 7, 2026 at 4:59 ညနေ

Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

Reply
i-tec ဇန်နဝါရီ 16, 2026 at 3:38 ညနေ

Мультимедийный интегратор itec интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.

Reply

Leave a Comment