NewsPolitic

ချင်းမိုင်မှာ “ဗေဒါစာအုပ်ရွာ” စာအုပ်ဆိုင်ဖွင့်ပွဲနဲ့ စာရေးဆရာ မောင်လူမွှေးရဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၆)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Memory of Chiang Mai မှာ “ဗေဒါစာအုပ်ရွာ” စာအုပ်ဆိုင် ဖွင့်ပွဲအခမ်းအနားနဲ့ စာရေးဆရာ မောင်လူမွေးရဲ့ စာအုပ်မိတ်ဆက်ပွဲကို မနေ့က (၇ နိုဝင်ဘာ) ကျင်းပခဲ့တယ်။

အခမ်းအနားကို ချင်းမိုင်မြို့ရောက် မြန်မာအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ သတင်းထောက်နဲ့ အနုပညာရှင်တွေအပါအဝင် စာပေချစ်သူ မြန်မာနိုင်ငံသားတွေ တက်ရောက်ခဲ့ကြပါတယ်။

ပွဲမှာ စာအုပ်အသစ်တွေ မိတ်ဆက်တာ၊ စာပေရေးရာ ဆွေးနွေးဖလှယ်တာတွေ ပြုလုပ်ခဲ့ပြီး ချင်းမိုင်ရောက် မြန်မာစာပေအသိုင်းအဝိုင်းအတွက် အမှတ်တရဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

မူးယစ်ဆေးဝါးအမှုက နိုင်ငံရေးသိက္ခာချတာလို့ AA တုန့်ပြန်

Rakhita Times

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲ(Breaking News)

Rakhita Times

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အဖြေမထွက်တာ များ

Rakhita Times

Leave a Comment