NewsPolitic

‌ကျောက်ဖြူက စကမ နေရာအချို့ကို AA ပြန်လည်သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၈ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က စစ်ကော်မရှင်ရဲ့ နေရာအချို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်ကာ နေရာအချို့ ပြန်လည်သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ အရင်က တပ်တော်သိမ်းပြီးသားနေရာအချို့ ဆုတ်ပေးလိုက်ရပေမယ့် ဒီမနက်မှာတော့ တပ်တော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ကျောက်ဖြူမြို့နယ်က လိပ်ခမော်၊ ပျားတဲ၊ သပြုကျွန်း၊ ကုလဘာ စတဲ့နေရာတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် စစ်ကော်မရှင်ရဲ့ တန်ပြန်ထိုးစစ်နဲ့ လေကြောင်း၊ ရေကြောင်းပစ်ကူကြောင့် ဆုတ်ခွာပေးခဲ့ရပါတယ်။

“ တပ်တော်က ပြန်ထိုးစစ်ဆင်တာမှာ ၃၄ တပ်ရင်းက တပ်သားတွေ တော်တော်အထိနာတယ်လို့ သိရတယ်။ ကျောက်ဖြူက ယာယီတပ်မတော်ဆေးရုံမှာ လူနာတွေနဲ့ ပြည့်နေတယ်” လို့ သူက ထပ်မံပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ မနေ့က (၂၇ သြဂုတ်) နေဗီကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကုန်းဘောင်ကြီးရွာကို လက်နက်ကျရောက်ခဲ့လို့ ဒေသခံတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူက စစ်ကော်မရှင်ရ့နေရာတွေကို သြဂုတ်လ ၂၆ ရက်က စတင်ကာ ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

မုဒိမ်းမှုတွေအတွက် ကြိမ်ဒဏ်ကို အသက်ပြန်သွင်းဖို့လို

Rakhita Times

သံတွဲတွင် လသားအရွယ် ကလေးများ အရေပြားရောဂါဆေး အရေးပေါ်လိုအပ်

Rakhita Times

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

Rakhita Times

Leave a Comment