NewsPolitic

ညောင်ကျိုးတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၅)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးတွင် အာရက္ခတပ်တော် ပူးပေါင်း မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“ ပြည်ဖက်ကနေ စစ်သားတွေ တင်ပြီးသွားတာ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေကို ပြန်သယ်လာတာလည်း တွေ့နေရတော့ ညောင်ကျိုးဖက်မှာ တော်တော်တိုက်ပွဲ ပြင်းထန်နေတယ် ထင်တယ်” လို့ ပြည်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ကော်မရှင်ရဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်က သိမ်းပိုက်ပြီးနောက် ပဲခူးတိုင်းအထိ ဆက်လက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

အလားတူ ညောင်ကျိုးစခန်းကိုလည်း မတ်လ ၁၂ ရက်က ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ ညောင်ကျိုးအစွန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

“ ကပစ (၆) ကို သိမ်းယူနိုင်ဖို့အတွက် အရှိန်ယူနေတာ ဖြစ်နိုင်တယ်။ အတိအကျတော့ ပြောရတာ ခက်ပါတယ်” လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာတွင် တည်ရှိတဲ့ ကပစ (၆) ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

Related posts

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

Rakhita Times

စစ်တွေဆေးရုံမှာ ဆေးမလုံလောက်တဲ့အတွက် တန်းစီစနစ်နဲ့သာ ခွဲစိတ်မှုလုပ်ပေး

Rakhita Times

အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်စည်တွေက ရက္ခိုင်ဒေသခံတွေအတွက် အခက်အခဲဖြစ်နေ

Rakhita Times

Leave a Comment