NewsPolitic

ဖြူဖြူကျော်သိန်းက ရက္ခိုင် ၄ မြို့နယ်အတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်က ပေါက်တော၊ အမ်း နဲ့ ရမ်းဗြဲမြို့နယ်အပါအဝင် လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်အတွက် အဆိုတော် ဖြူဖြူကျော်သိန်းက ငွေကျပ် သိန်း ၁၀၀၁ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလှူငွေတွေကို ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းမှာ ဖြူဖြူကျော်သိန်းက Phyu Phyu in Australia Tour ကနေတဆင့် လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ထံကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ကျောက်ဖြူ၊ ပေါက်တော၊ အမ်းနဲ့ ရမ်းဗြဲ မြို့နယ်တွေမှာ ရွာ (၄၁) ရွာ၊ အိမ်ထောင်စု (၁,၅၄၈) စု၊ လူဦးရေ (၄,၃၃၄) ဦးအတွက် ဆန် (၁,၅၇၆၁၆) အိတ်၊ အုန်း (၄,၈၅၀) ချပ်၊ ဝါး (၅၇၀) လုံး၊ တာပေါ်လင် (၂) ချပ်၊ ဖျာ (၁၆) ချပ် စုစုပေါင်း ကုန်ကျစရိတ် (၈၂,၂၃၄,၀၀၀) ကျပ် ထောက်ပံ့ခဲ့ပြီး ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ထုတ်ပြန်ထားပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်းက ဂီတပွဲတွေကနေ ရတဲ့ ငွေကြေးတွေကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းက IDP စခန်းတွေကို NUG လက်အောက် လူကယ်ပြန်ဝန်ကြီးဌာနကနေတဆင့် လှူဒါန်းနေတာတွေရှိသလို NUG ဆေးကျောင်းနဲ့ ခြေတု လက်တုတွေ အသုံးပြုရာမှာလည်း လှူဒါန်းလျက် ရှိပါတယ်။

အဲဒါအပြင် လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိသည့်ဝင်ငွေအားလုံးကိုလည်း အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Related posts

သမိုင်းဝင် ရှေးဟောင်းနယ်မြေကို Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးပြုလုပ်နေ

Rakhita Times

AA စခန်းတွေကို သိမ်းပိုက်ခံရခြင်းမရှိဘူးလို့ ဦးခိုင်သုခ ပြော

Rakhita Times

ကိုးကန့်လို တရုတ်က AA ကို ဖိအားပေးနိုင်တဲ့ အနေအထား မရှိ

Rakhita Times

402 comments

Leave a Comment