အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆)
စစ်ကော်မရှင်က ယနေ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီဝန်းကျင်မှာ ယချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာအနောက်ဘက် စစ်သုံ့ပန်းများ ထားတဲ့နေရာကို ဗုံးကြဲခဲ့လို့ စစ်သုံပန်းများ ထိခိုက်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာအနောက်ဘက်ရှိ နေရာအချို့ကို ယနေ့ ည ၇ နာရီ ၂၄ မိနစ် နဲ့ ၇ နာရီ ၂၈ မိနစ်က စစ်ေကာ်မရှင် က လေကြောင်းကနေ ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့် တနေရာကို ဗုံး နှစ်လုံးစီ ကြဲချခဲ့တာလို့ AA က ဆိုပါတယ်။
ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင်များ နဲ့ စစ်သုံ့ပန်းအချို့ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းများကို ထပ်မံဖော်ပြပေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ သေဆုံးထိခိုက်ခဲ့တဲ့ စစ်သုံ့ပန်းများနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ မကြာခင် ပြန်လည်လွှတ်ပေးရန် ထားရှိတဲ့လူတွေ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

3 comments
Thank you for reporting on these critical news updates and keeping the public informed about current developments.
Thank you for sharing this detailed news update and keeping readers informed on the ongoing situation.
Thank you for the detailed reporting and keeping readers informed during such a difficult time. I was reading updates here during a break from Play Smash Fest, and I appreciate the effort to share verified information quickly.