HealthNewsPolitic

ရက္ခိုင်ပြည် ၁၂ မြို့နယ်တွင် ခြင်ထောင် ၇ ထောင် နီးပါး HDCO ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်က မြို့နယ် ၁၂ မြို့တွင် ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါ ကာကွယ်နိုင်ရန် HDCO က ခြင်ထောင် အလုံးပေါင်း ၇ ထောင် နီးပါး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ အခြားဌာနဆိုင်ရာများ ပူးပေါင်းပြီး မုတ်သုံရာသီအတွင်း ခြင်ကနေ ကူးစက်နိုင်တဲ့ ရောဂါများကို ကာကွယ်ရန် ကျန်းမာရေးဆိုင်ရာ စီမံကိန်းအနေနဲ့ ပေးဆောင်တာပါ” လို့ HDCO တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

HDCO အနေနဲ့ ရက္ခိုင်ပြည်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် နဲ့ ဂွမြို့နယ်က ပြည်သူတွေကို ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ထောက်ပံ့ပေးခဲ့တဲ့ အိမ်ထောင်စု အရေအတွက်ကတော့ ၄၈၅၁ စု နဲ့ လူဦးရေ ၂၃၂၈၆ အတွက် ခြင်ထောင်အလုံးရေ ၆၈၅၀ လုံး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

HDCO က ခြင်ထောင်တွေပေးခဲ့တာဟာ Malaria, Dengue Fever, Chikungyuna စတဲ့ ခြင်ကနေတဆင့် ကူးဆက်နိုင်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ရန် ပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင် ပြည်သူများ လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ နဲ့ အခြား လိုအပ်ချက်များကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနဲ့ ပုဂ္ဂလိက အလှူရှင်များကို ဖိတ်ခေါ်ပါတယ်လို့လည်း HDCO က ဆိုပါတယ်။

Related posts

AA ဆီ အလင်ဝင်လာတဲ့ စစ်ကောင်စီတပ်သား နိုင်ဝင်းစိုး ပြောဆိုချက်

Rakhita Times

စကမ ကြောင့် မတ်လအတွင်း ရက္ခိုင်ပြည်သူ ၄၀ နီးပါး ထိခိုက် သေဆုံး

Rakhita Times

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစု ၁၅၀ နီးပါး AA ပြန်လွှတ်ပေး

Rakhita Times

2,100 comments

Leave a Comment