NewsPolitic

ယာဉ်မတော်တဆမှု အများဆုံးဖြစ်တဲ့ မင်းပြားတွင် ယာဉ်အန္တရာယ်ကင်းစင်ရေး DLEPS လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေဖြစ်ပြီး ယာဉ်မတော်တဆမှု အများဆုံးဖြစ်ခဲ့တဲ့ မင်းပြားမြို့တွင် ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် DLEPS တပ်ဖွဲ့ဝင်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

“အဓိကကတော့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာဖို့၊ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထပ် ပိုမစီးရ၊ ဆိုင်ကယ် ဦးထုပ် ဆောင်းဖို့ စတာတွေကို အသိပညာပေးတွေ ပိိုလို့ လုပ်ဆောင်ပေးနေပါတယ်” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

DLEPS တပ်ဖွဲ့ဝင်တွေအနေနဲ့ အသိပညာပေးတွေ ကနဦးလုပ်ဆောင်နေပြီး မလိုက်နာပါက အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

“အခုတော့လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ခံဝန်တွေထိုးခိုင်းတယ်။ နောက်တစ်ခါ ထပ်ပြီးတော့ စည်းကမ်းချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးပါတယ်” လို့ နောက်ထပ် မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် မင်းပြားမြို့နယ်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ ဒီကနေ့အထိ ယာဉ်မတော်တဆမှုကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Photo – APM

Related posts

စစ်တွေတွင် AA ကြောင့် စကမ တပ်သား ထိခိုက်သေဆုံးမှု များပြား၊ တိုင်းမှူးကိုယ်တိုင် ဆေးရုံသွား အားပေးစကားပြောနေရ

Rakhita Times

ဂွမြို့နယ်တွင် ကျေးရွာတချို့ ရေကြီးနေ

Rakhita Times

စုပေါင်းခွန်အား အာရကန်ဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမည်

Rakhita Times

193 comments

Leave a Comment