NewsPolitic

မြေပုံမှာ ဆီကားမှောက်လို့ တဦးသေ၊ တဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြေပုံမြို့နယ်တွင် ဒီကနေ့ မနက် ၅ နာရီခန့်တွင် ဆီပေပါတင်ဆောင်လာတဲ့ကား တိမ်းမှောက်သွားတဲ့အတွက် တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျောက်တော်ကနေ တောင်ကုတ်ကို ဆီပေပါပို့ဖို့သွားတာ။ ဆန်လန်တောင်မှာ အရှိန်မထိန်းနိုင်ပဲနဲ့ ချောက်ထဲ ထိုးကျသွားပြီး ကားမီးလောင်သွားတယ်” လို့ မြေပုံမြို့နယ်ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် မြေပုံမြို့နယ် တုတ်ချောင်းရွာအနီးရှိ ဆန်လန်တောင်တွင် ချောက်ထဲကားကျမှုကြောင့် သေဆုံးသွားသူမှာ မင်းပြားမြို့နယ် မေလွမ်းရွာက အသက် ၂၂ နှစ်အရွယ် ကိုမျိုးချစ်အောင်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူကတော့ ကျောက်တော်မြို့နယ် ပြောင်းဆိပ်ရွာက အသက် ၂၃ နှစ်အရွယ် ကိုမင်းမင်းဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် DLEPS တပ်ဖွဲ့ဝင်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးကို မိဘထံ AA ပြန်အပ်

Rakhita Times

RSO တပ်မှူးနဲ့ လက်ထောက်ကို BGB ဖမ်းဆီး

Rakhita Times

MNDAA လားရှိုးက ဆုတ်ခွါမည့်ကိစ္စ တရုတ်ဖိအားကြောင့်လား

Rakhita Times

1 comment

Leave a Comment