NewsPolitic

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ရှိ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းကို ဒီကနေ့ ည ၇ နာရီခွဲက စစ်ကော်မရှင်မှ လာရောက် ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“ပေါင် ၅၀၀ ဗုံးတလုံး ကြဲသွားတာ။ လူမနေတော့ အသေအပျောက်တော့ မရှိဘူး။ ကျောင်းအဆောက်အအုံတော့ ပျက်စီးသွားတယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲခဲ့တဲ့ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းဟာ တောင်ကုတ်မြို့ မီးချောင်းထိုးရွာအနီးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

အဆိုပါ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းဟာ မဘသကျောင်းလို့ နာမည်ကြီးသလို ရက္ခိုင်ခရိုနီ ဦးကျောက်တောင် ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo – ONN

Related posts

မင်းပြားတွင် အမျိုးသား တဦး ရေနစ်သီဆုံး

Rakhita Times

ရက္ခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို စစ်ကောင်စီ ပြန်လွှတ်၊ ပြန်ဖမ်း ထောင်ပြန်ချ

Rakhita Times

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် တရားမဝင် ပြင်ပအရက်ကို ဒီလပ် ဖမ်းဆီး

Rakhita Times

258 comments

Leave a Comment