အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၅)
နတ်ရေကန်စခန်းတိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၆ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ CDF – Asho က ထုတ်ပြန်ပါတယ်။
“ စက်တင်ဘာလ မှ အောက်တိုဘာလ အတွင်း စစ်ကော်မရှင်ရဲ့ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသော စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၆ ဦး အရှင်ဖမ်းဆီးရခဲ့တယ်” လို့ ချင်းကာကွယ်ရေးတပ် – အရှိုက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို အနေနဲ့ ၂၀၂၅ စက်တင်ဘာလက စတင်ကာ စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်းတွေကို တော်လှန်ရေး မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ နဲ့ အောက်တိုဘာလ အတွင်း CDF – Asho အနေနဲ့ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး၊ ခြေလက်အင်္ဂါ ဆုံးရှုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို က နတ်ရေကန် လမ်းဟောင်းတလျောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး လုပ်ဆောင်နေစဉ်အတွင်း လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

6 comments
References:
Online casinos echtgeld
References:
https://f1news.space/item/603185
References:
Does creatine have steroids in it
References:
https://myspace.com/pumplocket4
References:
Trenbolone steroid where to buy
References:
https://doc.adminforge.de/s/EPTLKfKgyi
References:
High limit slots
References:
https://nyborg-flynn-2.mdwrite.net/best-high-stake-casino-guide-for-vip-players
References:
Physical problems definition
References:
https://pad.stuve.uni-ulm.de/s/VYmZgbpp6
References:
Steroids prescription
References:
https://www.fashion-insider.de/22044/rebekka-rutz-verschreibt-sich-der-formensprache-der-antike/