အာရက္ခတိုင်းမ်စ်(၁၀ ဒီဇင်ဘာ ၂၀၂၅)
စစ်ကော်မရှင် ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သေဆုံးသူ အမျိုးသမီးစာရင်းမှာ ရက္ခိုင်ပြည်မှ အများဆုံး ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားပါတယ်။
ယခုနှစ် နိုဝင်ဘာလအတွင်း စစ်ကော်မရှင် ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လူနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ်ဖြတ်ခံရမှု၊ မြေမြုပ်မိုင်းပေါက်ကွဲမှု၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အကျဉ်းထောင်အတွင်း နှိပ်စက်ခံရမှု အစရှိတာတွေကြောင့် နိုင်ငံတဝှမ်းရှိ အမျိုးသမီး ၅၁ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးသူ ၅၁ ဦးဟာ ကချင်၊ ရှမ်း၊ ကရင်နီ၊ ရက္ခိုင်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး နဲ့ တနင်္သာရီတို့မှဖြစ်ပြီး ၎င်းတို့အနက် ရက္ခိုင်ပြည်ကတော့ သေဆုံးသူ (၁၆) ဦးထိ ရှိကာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးမှု အများဆုံးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့်ဖြစ်ပြီး သေဆုံးသူတွေထဲက ခြောက်ဦးဟာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုအဖြစ် ရက္ခိုင်ပြည်အတွင်းမှာ ပြီးခဲ့တဲ့ (နိုဝင်ဘာ ၂၅ ရက် မှ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်) အထိ ဂျဲန်ဒါအခြေပြု အကြမ်းဖက်ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Women Generation ကလည်း ထုတ်ပြန်ထားပါတယ်။
“အရွယ်မရောက်သေးသူနဲ့ အရွယ်ရောက်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးလည်းကောင်း မဖြစ်စေဖို့၊ အချင်းချင်း ဖေးမကူညီပံ့ပိုးဖို့၊ လူအချင်းချင်း အပြန်အလှန် နားလည်မှု လေးစားတန်ဖိုးထားမှုတို့ကို မြှင့်တင်လို့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကစလို့ ကာကွယ်၊ ရှောင်ရှား၊ တားဆီးဖို့ ဝိုင်းဝန်းဖော်ဆောင်ရန် တိုက်တွန်းနှိုးဆော်ပါတယ်” လို့ Women Generation အဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် စစ်ကိုင်း၊ မကွေး၊ ပဲခူး နဲ့ ကရင်နီရှိ ကျေးရွာတချို့မှာလည်း ကျောင်းသားများ၊ အိမ်ထောင်သည် အမျိုးသမီးများနဲ့အတူ ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှုများနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းလာပြီး သာယာငြိမ်းချမ်းသော လူမှုဘဝများ ရရှိစေရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲ စကားဝိုင်းတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

4 comments
После обращения в клинику «Основа» наш специалист незамедлительно выезжает для оказания экстренной медицинской помощи в Новосибирске. Процесс установки капельницы предусматривает комплексную диагностику и последующее детоксикационное лечение, что позволяет снизить токсическую нагрузку и стабилизировать состояние пациента. Описание процедуры включает следующие этапы:
Исследовать вопрос подробнее – поставить капельницу от запоя на дому
Если ситуация развивается быстро и требуется скорая помощь, родственники могут позвонить и описать происходящее. При получении информации консультант объяснит порядок дальнейших действий. В экстренной ситуации жизненно важно не затягивать обращение и не пытаться проводить серьезные медицинские вмешательства без врача.
Подробнее – наркологические клиники алкоголизм Красноярск
Наркологическая помощь в клинике позволяет избежать формального подхода. Врач объясняет, почему один метод лечения предпочтительнее другого, какой препарат планируется использовать и насколько продолжительным будет кодирование. Для человека, который страдает алкоголизмом много лет, большое значение имеет не только кодирование, но и полноценное лечение зависимости в дальнейшем.
Подробнее – кодирование от алкоголизма цены
При последних признаках стандартная капельница на дому может быть недостаточной. В таких ситуациях врач рассматривает неотложная госпитализацию, поскольку существует риск инсульта, сердечной недостаточность, отека мозга и других опасных осложнений. В тяжелых случаях безопаснее проводить лечение запоя в стационаре, где пациент находится под постоянным наблюдением медицинского персонала и при необходимости получает экстренное лечение.
Получить больше информации – https://vyvod-iz-zapoya-podolsk77.ru/