NewsPolitic

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်ပေါ့ ၁၁ ခွဲ လောက်မှာ ၃ ကြိမ် လာကြဲသွားတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ပွဲချင်းပြီး ဆုံးသွားတယ်။ ၁၅ ယောက်လောက်တော့ ဒဏ်ရာ ရသွားတယ်” လို့ မအီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့သူတွေကတော့ အသက် ၁၉ နှစ်အရွယ် မလပြည့်စံ၊ အသက် ၃၄ နှစ်အရွယ် ကိုညီညီဇော်၊ အသက် ၃၅ နှစ်အရွယ် မမူမူဌေးနဲ့ စီစစ်ဆဲ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

အလားတူ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ အသက် ၁၀ နှစ်အရွယ် မောင်စိုးမင်းဟိန်း၊ အသက် ၁ နှစ်အရွယ် မောင်ချစ်မင်းကို၊ အသက် ၁၁ နှစ်အရွယ် မထက်ထက်ဝင်း၊ အသက် ၁၅ နှစ်အရွယ် မစုစုဝင်း၊ အသက် ၁၆ နှစ်အရွယ် မခင်ဝင်းဦး၊ အသက် ၁၉ နှစ်အရွယ် ကိုညီညီထွေး၊ အသက် ၂၂ နှစ်အရွယ် မခင်မျိုးချစ်၊ အသက် ၂၃ နှစ်အရွယ် မဝင်းဝင်းလှိုင်၊ သက်တော် ၄၇ နှစ်ရှိတဲ့ အသျှင် ကောဝိဒ၊ အသက် ၄၉ နှစ်အရွယ် ဦးကျော်ဌေး၊ အသက် ၅၅ နှစ်အရွယ် ဦးသန်းလှိုင်၊ အသက် ၆၄ နှစ်အရွယ် ဒေါ်ဝင်းနု၊ အသက် ၆၄ နှစ်အရွယ် ဦးမျိုးအောင်၊ အသက် ၆၄ နှစ်အရွယ် ဦးညီပုချေနဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်အုန်းမြတို့ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့ကို နေ့လည် ၁၁ နာရီ ခွဲတွင် တစ်ကြိမ်၊ ၁၁နာရီ ၃၃ မိနစ်တွင် တစ်ကြိမ်နဲ့ ၁၁ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ကျတာက အမှတ် ၂ နဲ့ ၃ ရပ်ကွက်ကို ကျတာ၊ နေအိမ်တွေလည်း တော်တော်များများ ပျက်စီးသွားတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံ ပြောပါတယ်။

ရွေးတုအစိုးရဟာ ရက္ခိုင်ပြည်က သူ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့နယ်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
Photo – ONN & APM
(ဓာတ်ပုံများကို ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes ကြည့်ရှုနိုင်ပါတယ်။ သွေးထွက်သံယိုပုံများ ပါဝင်ပါတယ်)

Related posts

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

AA လေ့ကျင့်ပေးတဲ့ SRA အပတ်စဉ် ၁ သင်တန်းပြီးဆုံး

Rakhita Times

Leave a Comment