NewsPolitic

ပုဏ္ဏားကျွန်း၊ ပေါက်တော နဲ့ မြောက်ဦးကို စကမ ဗုံးကြဲနေ

အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ မြောက်ဦးမြို့နယ်တွေကို စစ်ကော်မရှင်က ဒီကနေ့ ည ၉ နာရီကျော်ကစတင်ပြီး ဗုံးကြဲမှုတွေ ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

“၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ ည (၉) နာရီခန့်မှ စတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲခဲ့တဲ့ နေရာများမှာ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြိ့်နယ်၊ ခမောင်းတောရွာနဲ့ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တောမြိုန့ယ်၊ သဲခုံရွာ ဝန်းကျင် နဲ့ မြောက်ဦးမြိုန့ယ်၊ ရဲတပ်ရင်း (၃၁) ဝန်းကျင်တို့ပဲ ဖြစ်ပါတယ်။

အသေးစိတ်ကို အာရက္ခတိုင်းမ်စ် အနေနဲ့ ဆက်လက်တင်ဆက်ပေးပါမယ်။

Related posts

ကျောက်ဖြူမြို့ဝင်ဂိတ် ရွေးတုအစိုးရတပ် ပိတ်ဆို့ထားလို့ ဒေသခံပြည်သူတွေ သေဆုံးမှုထိ ရှိနေ

Rakhita Times

ကပစ ၁၆ တပ်မိသားစုများ စစ်ဘေးရှောင်ဘဝရောက်နေရ

Rakhita Times

နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

Rakhita Times

1,927 comments

Leave a Comment