NewsPolitic

MUYA စေတနာ့ ဝန်ထမ်းလေးဦး သေဆုံးမှုအတွက် PYA ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့တဲ့ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က စေတနာ့ ဝန်ထမ်းလေးဦး သေဆုံးမှုအတွက် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) က ဒီကနေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပိုခဲ့ပါတယ်။

“MUYA ဟာ မြောက်ဦးလူငယ်ထုနဲ့ ရက္ခိုင်ပြည်သူလူထုအတွက် ကြိုးစားပေးဆပ် ကူညီတဲ့ စံပြအဖွဲ့ဖြစ်ပြီး လူငယ်တွေ အချိန်မတန်ပဲ သေဆုံးတဲ့အတွက် သူတို့ရဲ့ မိသားစု၊ မိခင်အဖွဲအစည်းဖြစ်တဲ့ မြောက်ဦးလူငယ်အစည်းအရုံးနဲ့အတူ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့အပ်ပါတယ်” လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ရက္ခိုင်လူငယ်စေတနာ့ဝန်ထမ်းတွေ သေဆုံးမှုအပေါ် ယူကြုံးမရ ဝမ်းနည်းမိပြီး အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လုပ်ရပ်ကြောင့် သေဆုံးရတဲ့အတွက် နှမြောမိကြောင်းကိုလည်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) က သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားထားပါတယ်။

Related posts

ရက္ခိုင်ပြည်မှာ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခြင်းများ ဖြစ်နိုင်

Rakhita Times

တောင်မော်ကြီးရေတပ်စခန်း ကျဖို့ ကာကင်းတခုသာကျန်ရှိ

Rakhita Times

သံတွဲမြို့ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်လှူဒါန်း

Rakhita Times

279 comments

Leave a Comment