NewsPolitic

ဂွမြို့ကို စကမ ဗုံး ၃ ကြိမ် လာကြဲ၊ အလုံးရေ ၈ လုံးခန့်ရှိ(Breaking News)

အာရက္ခတိုင်းမ်စ် (၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ်ကို စစ်ကော်မရှင်က ဒီကနေ့မနက်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့ပြီး အလုံးရေ ၈ လုံးခန့်ရှိတယ်လို့ သိရပါတယ်။

“ဂွကို ကြဲနေပါတယ်။ ၃ ခေါက် လာကြဲသွားပါတယ်။ ၈ လုံး လာချသွားပါတယ်။ လောလောဆယ် ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာမရှိလို့ သိရပါတယ်” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ရက္ခိုင်ပြည် ဂွမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင်တိုင် ဗုံး ၈ လုံး ကြဲချခဲ့တာကို အာရက္ခတိုင်းမ်စ်အနေနဲ့ အတည်ပြုနိုင်ပေမယ့် နေရာအတိအကျကိုတော့ မသိရှိသေးပါဘူး။

“ကြဲတော့ ကြဲနေတုန်းသေးလို့ သိရပါတယ်။ ပင်လယ်ထဲက နေဗီကလည်း ပစ်တယ်ဆိုတဲ့အခါ လိုင်းကောင်းကောင်း မသုံးလိုက်ရလို့ ဒီလောက်ပဲ သိရပါတယ်” လို့ ဂွမြို့အရေးဆောင်ရွက်ပေးနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်နဲ့ မြောက်ဦးမြို့နယ်၊ ရဲတပ်ရင်း (၃၁) ဝန်းကျင်တို့ကို လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့် တိုက်ခိုက်ခြင်းများတို့ကို စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည (၁၀) နာရီ (၅၀) မိနစ်မှာတော့ ရသေ့တောင်မြို့နယ်၊ အငူမော် နဲ့ မူစဲကျွန်းဝန်းကျင်ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

Related posts

ဒီဇင်ဘာလ ၂၂ ရက်ကို မြိုအမျိုးသားနေ့အဖြစ်လက်ခံပြီး ကျန်နေ့မှာ ပြုလုပ်တဲ့ မည်သူကိုမဆို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမယ်

Rakhita Times

အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

Rakhita Times

စစ်တွေဆေးရုံမှာ ဆေးမလုံလောက်တဲ့အတွက် တန်းစီစနစ်နဲ့သာ ခွဲစိတ်မှုလုပ်ပေး

Rakhita Times

1 comment

Leave a Comment