NewsPolitic

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

အာရက္ခတိုင်းမ်စ် (၂၇ ဒီဇင်ဘာ ၂၀၂၅)

စကမ ကျင်းပပြုလုပ်မယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ မှာလည်း ရက္ခိုင်ပြည်ရှိ မြို့နယ်တွေ ပါဝင်ခြင်းမရှိတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်မှာတော့ မြို့နယ် (၁၀၂) မြို့နယ်မှာ ပြုလုပ်မှာဖြစ်ပြီး ရက္ခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တို့ ပါဝင်ပါတယ်။ အဆိုပါ မြို့နယ် ၃ မြို့နယ်ဟာ လက်ရှိမှာတော့ စစ်ကော်မရှင်လက်အောက် ထိန်းချုပ်နယ်မြေတွေပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြို့နယ် (၁၀၀) မြို့နယ်တွင် ပြုလုပ်မှာဖြစ်ပြီး ‌ရွေးကောက်ပွဲ အပိုင်း (၃) ကိုတော့ ဇန်နဝါရီလ ၂၅ ရက်မှာ မြို့နယ် (၆၃) မြို့နယ်တွင် ပြုလုပ်မှာဖြစ်တယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူ နဲ့ စစ်တွေမြို့နယ်ကို စစ်ကော်မရှင်က ထိန်းချုပ်ထားပေမယ့် အဆိုပါမြို့နယ်တွေရှိ ရပ်ကွက် ၆ ခု အပါအဝင် ကျေးရွာအုပ်စု ၆၅ စုမှာတော့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ ကျင်းပမှာမဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

‌ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ ရပ်ကွက် ၆ ခု စာရင်းမှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ကံပြင်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ငူစုရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက်၊ ထိန်ဒွေရပ်ကွက် နဲ့ စစ်တွေမြို့နယ်၊ စစ်တွေမြို့ရှိ ကစ္ဆပရပ်ကွက်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ ကျေးရွာအုပ်စု ၆၅ စု စာရင်းမှာတော့ ကျောက်ဖြူမြို့နယ်ရှိ သဲတန်း၊ သဲချောင်း၊ ကမ်းဒီး၊ ချောင်းဝ၊ မင်းပြင်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ ကျောက်ပြောက်၊ ကပ်သပြေ၊ ကြပ်တိန်၊ သိုင်းချောင်း၊ ဒိုးမတောင်၊ စိုင်ခြုံ၊ ဦးဂင်း၊ ငစိမ့်ပြင်၊ ဆင်ဘုတ်၊ ငလုံးစု၊ ဇင်ချောင်း၊ သံချောင်း၊ ကလန့်တဲ၊ တဘက်၊ မင်းရပ်၊ ကင်းမြောက်၊ ကိုင်းချောင်း၊ လေးပုံကျောက်၊ အလယ်ဒွိန်၊ စနဲမင်းပြင်၊ ကျောက်တောင်ပြိန်၊ ကုလားကြမ်း၊ မျှောချောင်း၊ ရေမျက်၊ ဘယာ၊ အဝတောင်၊ ဝပြေ၊ မင်းချောင်း၊ အလံချိန်၊ ရတန၊ ဂန့်ဝါ၊ ပန်းတောပြင်၊ ခြုံဆွယ်၊ ကျောက်ငူ၊ ဂြင်ကြီး၊ မင်းဂံ၊ လဟာကြီး၊ ရွှေညိုမ၊ ဝါးတောင်၊ တဲချောင်း၊ ကျောက်ကြီးပြင် နဲ့ ဇင်ကျွန်း အစရှိတဲ့ ကျေးရွာအုပ်စုများတို ပါဝင်ပြီး စစ်တွေမြိုနယ်ရှိ သင်းပုန်းတန်း၊ ချောင်းနွယ်၊ ကျက်တောပြင်၊ ဂန့်ဂေါ်ကျွန်း၊ ကျေးတောကျေးရွာအုပ်စု၊ ခတင်ပိုက်၊ ကြွီတဲ၊ သိန်းတန်၊ ကျားမသောက်၊ ညိုရောင်ချောင်း၊ ချီလိုင်ဖင်း၊ အမြင့်ကျွန်း၊ ပါဒလိပ်၊ မြစ်နား၊ င/တောက်တက်၊ တောကံ နဲ့ ဝါဘို အစရှိတဲ့ ကျေးရွာအုပ်စုများလည်း ပါဝင်ကြောင်း UEC က ထုတ်ပြန်ထားပါတယ်။

Related posts

ဦးသန်းရွှေခေတ် ရွေးကောက်ပွဲနဲ့ အခုရွေးကောက်ပွဲ ကွာခြား

Rakhita Times

ရန်ကုန်မှာ AA ရဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စကမ ထပ်မံစွပ်စွဲ

Rakhita Times

စစ်တွေမှာ ALP စစ်သင်တန်းဆင်းပွဲ ပြုလုပ်မယ်

Rakhita Times

1 comment

auto 867 ဖေ‌ဖော်ဝါရီ 24, 2026 at 8:30 ညနေ

A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Reply

Leave a Comment