NewsPolitic

ဂိတ်တွေမှာ စစ်ဆေးခံရနိုင်တဲ့ ဖုန်းထဲက ဓာတ်ပုံနဲ့ ရုပ်သံတွေ ဖျက်ထားဖို့ ခရီးသွားဝန်ဆောင်မှုအသင်း ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၆)

ခရီးသွား ပြည်သူတွေရဲ့ ဖုန်းတွေထဲမှာ စစ်တပ် စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမေးမြန်းနိုင်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို ထည့်မလာဖို့ တားမြစ်ထားတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို ပြည်တွင်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်း က ထုတ်ပြန်လိုက်ပါတယ်။

ခရီးသွားများတဲ့ သီတင်းကျွတ်ကာလ နီးကပ်လာချိန်မှာ ဘုရားဖူးယာဉ်တွေ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ရေးနဲ့ လမ်းခရီးစဉ်အတွင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက်အလက်တွေဆိုပြီး စက်တင်ဘာလ ၂၁ ရက်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကြေညာချက်မှာ ခရီးသည်တွေအနေနဲ့ ဖုန်းထဲမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မပါရှိစေရေး၊ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ရဲစခန်းက ခရီးသွားထောက်ခံစာပါ ယူဆောင်လာကြဖို့ ညွှန်ကြားထားတာပါ။ ဒါပေမဲ့ ဘယ်လိုအရာတွေက ဥပဒေနဲ့ မညီညွတ်ဘူးဆိုတာကိုတော့ အသေးစိတ် ရှင်းလင်းထားခြင်း မရှိပါဘူး။

ဒါ့အပြင် ပြည်တွင်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းအနေနဲ့ ဧည့်လမ်းညွှန် (Guide) တွေကိုလည်း လမ်းခရီး စစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံကြဖို့၊ ယာဉ်ထွက်ချိန်ကို မနက် ၅ နာရီ နောက်ပိုင်းမှ စတင်ထွက်ခွာပြီး ည ၈ နာရီမှ ၁၀ နာရီအတွင်း စုရပ်သို့ ပြန်ရောက်ရေး စတဲ့ လမ်းညွှန်ချက်တွေကိုလည်း ထည့်သွင်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Related posts

ဖက်ဆစ်နိုင်ငံတော်ကို တော်လှန် ပုန်ကန်သူ ကျော်ဟန်

Rakhita Times

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

Rakhita Times

ကစ္ဆပနဒီတံတားကို စကမ ဗုံးကြဲ

Rakhita Times

Leave a Comment