NewsPolitic

မြေပုံမြို့မပန်းခြံမှာ လူငယ်တွေ စုပေါင်းပြီး သန့်ရှင်းရေးပြုလုပ်

အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြေပုံမြို့မှာ မြေပုံလူငယ်များအသင်း၊ ချင်းလူငယ်များအသင်းနဲ့ မူဆလင်လူငယ်တွေ ပူးပေါင်းပြီး မြေပုံမြို့မပန်းခြံ သန့်ရှင်းသာယာလှပရေးအတွက် စက်တင်ဘာလ ၂၃ ရက်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

“မြေပုံမြို့ မြို့မပန်းခြံ သာယာဖွံ့ဖြိုးဖို့အတွက် အားလုံး အတူတူ လုပ်ဆောင်ကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အခုလို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လိ့လည်း သိရပါတယ်။

ဒါ့အပြင် ပန်းခြံထိန်းသိမ်းရေး၊ ခြံစည်းရိုးတွေ ပြန်လည်ပြင်ဆင်ရေးနဲ့ ပန်းခြံ ဖွံ့ဖြိုးသာယာရေး လုပ်ငန်းတွေအတွက် ဒေသခံပြည်သူတွေအနေနဲ့ လုပ်အားနဲ့ဖြစ်စေ၊ အလှူငွေတွေနဲ့ဖြစ်စေ ပါဝင်ကူညီ လှူဒါန်းနိုင်ကြတယ်လို့ မြေပုံလူငယ်များအသင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက အသိပေး ဖိတ်ခေါ်ထားပါတယ်။

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုးဦးကာလတွင် Green Arakkha စီမံကိန်းနဲ့ သစ်ပင်တွေ စိုက်ပျိုးနေပြီး ယခုအခါ Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးစီမံကိန်းတွေ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။

Clean Arakkha စီမံကိန်းကို ရက္ခိုင်ပြည် အနှံ့တွင်လည်း ဆက်လက် လုပ်ဆောင်သွားရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြေပုံလူငယ်များအသင်း

Related posts

စစ်မှုထမ်းတွေအနေနဲ့ အလံဖြူထောင်၊ လက်နက်ချပြီး အညံ့ခံကြဖို့ AA ပြော

Rakhita Times

အာရက္ခတပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့ အဓိကရည်ရွယ်ထားတဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို AA ကန့်ကွက်ရှုတ်ချ

Rakhita Times

ကမ္ဘာ့စစ်ပွဲ လူသတ်ကွင်းနဲ့ ရက္ခိုင်စစ်ပွဲအလွန် လူ့အခွင့်အရေး

Rakhita Times

Leave a Comment