NewsPolitic

ညောင်ကျိုးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်း နဲ့ ရက္ခိုင် သရုပ်ဆောင် နေတိုးကို စကမ ဂုဏ်ထူးဆောင်ဘွဲ့ပေး

အာရက္ခတိုင်းမ်စ် (၄ ဇန်နဝါရီ ၂၀၂၆)

ညောင်ကျိုးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်း နဲ့ ရက္ခိုင် သရုပ်ဆောင် နေတိုးကို စကမ က ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စကမရဲ့ ပင်မစခန်း တခုကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာပဲဖြစ်ပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် မှာတော့ စကမရဲ့ ဗိုလ်မှူး ဝေယံလင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့ပြီးနောက် ဒီကနေ့မှာ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့အဖြစ်ပေးတဲ့ သီဟသူရဘွဲ့ကို ပေးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်လူမျိုး သရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် နေတိုးကိုလည်း ပြည်ထောင်စုစည်သူ သင်္ဂဟဘွဲ့ဖြစ်တဲ့ စည်သူဘွဲ့ကို ပေးအပ်ခဲ့ပါသေးတယ်။

သရုပ်ဆောင်နေတိုးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အစောပိုင်းကာလ ဆန္ဒပြပွဲတွေမှာ ဟန်ပြပါဝင်ခဲ့သော်လည်း စကမရဲ့ ရွေးကောက်ပွဲ လှုံ့ဆော်ရေး ဇာတ်လမ်းဖြစ်တဲ့ ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ ဇာတ်လမ်းမှာ ပါဝင်ခဲ့တာကြောင့် အဆိုပါ ဘွဲ့ကို စကမက ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည်ကို စကမ ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး ရက္ခိုင်ပြည်သူ အများအပြား သေဆုံးထိခိုက်နေတဲ့အပေါ် သရုပ်ဆောင် နေတိုးက အရေးတယူပြုမှုမရှိဘဲ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ် အမည်ရ ရုံတင်ကားအတွက်သာ အလေးပေးဆော င်ရွက်နေတာကြောင့်
ဝေဖန်မှုများစွာ ရရှိနေသူလည်း ဖြစ်ပါတယ်။

Related posts

ကျောက်ဖြူကို ဒရုန်းနဲ့ ဗုံးကြဲချလို့ ပြည်သူ ၂ ဦး သေ ၅ ဦး ဒဏ်ရာရ

Rakhita Times

ထိုင်းကို အမ်း၊ ဂွ၊ သံတွဲ နဲ့ ကျောက်ဖြူတို့မှ ရွှေ့ပြောင်းတွေ ပိုမိုဝင်ရောက်လာ

Rakhita Times

ခရစ်ယာန် နယ်စီးသာသနာပိုင်ကြီး ကွယ်လွန်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

3 comments

Jeromeden ဇန်နဝါရီ 25, 2026 at 9:49 ညနေ

сколько стоит квартира жк светский лес

Reply
Jameswef ဇန်နဝါရီ 29, 2026 at 6:34 မနက်

Играешь в казино? up x официальный сайт Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

Reply
WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 at 1:08 ညနေ

стили дизайна домов дизайн загородных коттеджей

Reply

Leave a Comment