NewsPolitic

ဦးမြင့်ဆွေ တကယ် ဆုံးပြီ

အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၅)

မနေ့ကတည်းက ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်နေပေမယ့် စစ်ကောင်စီက မဟုတ်မှန်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒီကနေ့မှာတော့ ကွယ်လွန်သွားပြီလို့ စစ်ကောင်စီက ထပ်မံ ထုတ်ပြန်ပါတယ်။

အာရုံကြောရောဂါနဲ့ အထူးကြပ်မတ်ကုသမှုခံယူနေတဲ့ စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဒီကနေ့ (ဩဂုတ်လ ၇ ရက်) နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်လာပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) တွင် ယာယီသမ္မတတာဝန်ယူထားတဲ့ ဦးမြင့်ဆွေကို ဆေးခွင့်ပေးထားပြီး သူ့နေရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူးကို လွှဲပြောင်းရယူထားတာလည်း ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ဆင်းဖြစ်ပြီး စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။

Related posts

စစ်တွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မယ်

Rakhita Times

AA သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်

Rakhita Times

ပြင်ပရောက် ရက္ခိုင်တွေ ဖမ်းခံရတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရခြင်းဟု ပြော

Rakhita Times

57 comments

Leave a Comment