NewsPolitic

တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရက္ခိုင်ပြည်က ၂၁ ဦး ‌ ရွေးချယ်ခံရ

တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရက္ခိုင်ပြည်က ၂၁ ဦး ‌ ရွေးချယ်ခံရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို UEC က ဇန်နဝါရီလ ၅ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးအနက် ရက္ခိုင်ပြည်က ၂၁ ဦး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရက္ခိုင်ပြည် (မဲအများဆုံးရရှိသူအနိုင်ယူစနစ်) မှာ ရခိုင့်ဦးဆောင်ပါတီ AFP က တဦး နဲ့ ကြံ့ဖွံ့ပါတီက နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် ၁ မှာ ရခိုင့်ဦးဆောင်ပါတီ AFP က နှစ်ဦး၊ ကြံ့ဖွတ်ပါတီက ခြောက်ဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီ RNP နှစ်ဦး ပါဝင်ပြီး မဲဆန္ဒနယ် ၂ မှာတော့ ရခိုင့်ဦးဆောင်ပါတီ AFP က နှစ်ဦး၊ ကြံ့ဖွံ့ပါတီက သုံးဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီ RNP နှစ်ဦး ပါဝင်တယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

ထိုပြင် ရက္ခိုင်ပြည်လွှတ်တော် (ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်) မှာလည်း ကြံ့ဖွံ့ပါတီက တဦး အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း မြင့်တက်

Rakhita Times

စစ်တွေနဲ့ နီးတဲ့ ပုဏ္ဏားကျွန်းက ရွာသားတွေ နေရပ်စွန့်ခွာ

Rakhita Times

စကမဟာ ဂွမြို့ကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေ

Rakhita Times

4 comments

auto 31 ဖေ‌ဖော်ဝါရီ 24, 2026 at 8:25 ညနေ

A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Reply
hghjfjdoss_sukr ဧပြီ 17, 2026 at 4:20 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Many researchers are dedicated to uncovering its mysteries.

Reply
rent yacht montenegro 118 မေ 5, 2026 at 1:58 ညနေ

superyacht charter Montenegro https://rent-a-yacht-montenegro.com

Reply
rent yacht montenegro 956 မေ 6, 2026 at 1:26 မနက်

yacht charter in Montenegro Montenegro yacht charter

Reply

Leave a Comment