NewsPolitic

ကျောက်ဖြူ စစ်ဘေးရှောင်များ အခက်အခဲဆုံးအခြေအနေ ကြုံတွေ့နေရ

အာရက္ခတိုင်းမ်စ် (၇ ရက် ဇန်နဝါရီ ၂၀၂၆)

လတ်တလောမှာ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့က စစ်ဘေးရှောင်တွေဟာ အခက်အခဲဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ကျောက်ဖြူမြို့ကို စစ်ကော်မရှင်က ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ကျောက်ဖြူမြို့အနီးက သိုင်းချောင်း၊ ဇင်ချောင်း အစရှိတဲ့ ကျေးရွာတွေမှာ အာရက္ခတပ်တော် AA နဲ့ စကမတို့အကြား တိုက်ပွဲပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ဦးရေဟာ သောင်းနဲ့ချီ ရှိတယ်လို့ သိရပါတယ်။

“ လတ်တလော ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်‌ဘေးရှောင်က ၂သောင်းခွဲ ပတ်ချာလည်လောက် ရှိတယ်ဗျ။ အဲဒီကနေ စစ်ဘေးရှောင်ရင်း ရမ်းဗြဲဘက်ကို ရှောင်ပြေးကြတဲ့ စစ်ဘေးရှောင်ကကျ ၁သောင်းနဲ့ ၈ထောင် ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ဒီ့အပြင် တောင်ကုတ်ဘက်ကိုရှောင်တဲ့ စစ်ဘေးရှောင်တွေ ရှိတယ်။ အမ်းဘက်ကို ရှောင်ကြတဲ့ စစ်ဘေးရှောင်တွေလည်း ရှိပါတယ်။ ဒီစစ်ဘေးရှောင်တွေ အကုန်လုံးကကျ ကျောက်ဖြူကို စစ်ပွဲအတွင်းကနေ ရှောင်လာတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ပါတယ်။ ဒီအထဲမှာ ပထမ စစ်ဘေးရှောင်တဲ့နေရာတခုမှာ သူတို့ လုံလုံခြုံခြုံနေကြတဲ့ အခင်းအကျင်းကနေ အဲ့နေရာက စစ်ထပ်ဖြစ်တော့ အဲ့နေရာကနေ ထပ်ရှောင်ရတယ်။ ထပ်ရှောင်တဲ့နေရာက ထပ်ဖြစ်တော့ နောက်တနေရာကို ထပ်ရှောင်တယ်။ ရှောင်တဲ့နေရာကျရင် ၃ နေရာ ရှောင်ရတဲ့လူနဲ့ ၄ နေရာ ရှောင်ရတဲ့လူနဲ့ စုစုပေါင်း စစ်ဘေးရှောင်တွေကတော့ တော်တော်‌လေးကို ခက်ခဲတဲ့ အခင်းအကျင်းမှာ ရှိပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကိုပြောပါတယ်။

စစ်ဘေးရှောင်ဦးရေ များပြားသလို အဆိုပါ စစ်ဘေးရှောင်တွေဟာ နေရာ ၂ ခု ထပ်မနည်း တိမ်းရှောင်နေရသူတွေဖြစ်တာကြောင့် တနိုင်တပိုင်အနေနဲ့တောင် လိုအပ်တဲ့ပစ္စည်းတွေကို သယ်ယူနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

စာရေးဆရာ ဝေဟင်အောင်က “ သူတို့က ပထမအိမ်ကနေ ထွက်ပြေးလာတယ်။ အိမ်က ထွက်ပြေးလာတဲ့အချိန်မှာ တနိုင်တပိုင်ပေါ့။ သူတို့ ထမ်းနိုင်သမျှ ယူနိုင်သမျှ ပစ္စည်းတွေကို ယူလာတယ်။ အဲ့မှာ သူတို့ပါလာတဲ့ပစ္စည်းတွေနဲ့ ကမောက်ကမလုပ်ပြီး တတ်နိုင်သမျှ သူတို့ ကြိုးစားပြီး တည်ဆောက်ကြတယ်။ အဲ့နေရာ ထပ်ပြီးစစ်ဖြစ်တော့ အဲ့နေရာကို စွန့်ပြီး ထွက်ပြေးကြတယ်။ ထွက်ပြေးကြတဲ့အချိန်မှာ ဘာမှ သူတို့ မပါနိုင်တော့တဲ့ အခင်းအကျင်းမျိုးကို ယူသွားတဲ့အတွက် လက်ရှိ ကျ‌နော်တို့ ရက္ခိုင်ပြည်တပြည်လုံး အတိုင်းအတာအရ ရှိတဲ့စစ်ဘေးရှောင်စာရင်းမှာ ဒီ ကျောက်ဖြူစစ်ဘေးရှောင်က အခက်အခဲဆုံး စစ်ဘေးရှောင်လို့ သတ်မှတ်ရင် ရပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ကျောက်ဖြူ စစ်ဘေးရှောင်တွေအတွက် စုစုပေါင်း ငွေကျပ်သိန်း -၁၁၆၆ (တစ်ထောင့် တစ်ရာ ခြောက်ဆယ့် ခြောက်သိန်း) နဲ့ ဆောင်းတွင်းဝတ်ရန် အင်္ကျီ အထုပ်ကြီးနှစ်ထုပ်ကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

အဆိုပါ အလှူငွေမှာ စာမီးအိမ်ပရဟိတအသင်း (စင်္ကာပူ) မှ ကျပ်သိန်း (၁၀၀) ပါဝင်ပြီး ကျန် ၁ဝ၆၆ သိန်းဟာ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွက် ပြည်တွင်း၊ ပြည်ပမှ ခုနစ်ရက်သား၊ သမီးများက စုပေါင်း လှူဒါန်းထားကြတဲ့ အလှူငွေထဲက သီးခြားအလှူငွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို သွားနိုင်တယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

စစ်တွေ မကျစေရေး စကမက စစ်ကြောင်း ၃ ခုနဲ့ ခုခံနေ

Rakhita Times

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

Rakhita Times

3 comments

hghjfjdoss_irkr ဧပြီ 17, 2026 at 6:20 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
With its growth, hghjfjdossa is set to redefine many life components.

Reply
vivod iz zapoya v stacionare_zdsa ဇွန် 9, 2026 at 2:05 ညနေ

Всем доброго времени суток. Тема здоровья всегда на первом месте, так как в сети сейчас полно сомнительных клиник. Если ищете анонимного специалиста с быстрым выездом, то не рискуйте и не доверяйте случайным объявлениям.

Сам долго изучал отзывы и искал надежный вариант, чтобы помощь оказали без лишних хлопот и в спокойной атмосфере. Чтобы узнать точные цены и вызвать специалиста, советую посмотреть официальный источник: вывод из запоя диспансер вывод из запоя диспансер.

На этом ресурсе действительно дана полная информация, и помощь окажут полностью конфиденциально. Надеюсь, эта рекомендация и обращайтесь к настоящим профессионалам. Всем душевного спокойствия!

Reply
shkola onlain_ymot ဇွန် 9, 2026 at 3:30 ညနေ

Признаюсь, сначала очень сильно сомневался в этой затее, но после кучи долгих обсуждений наткнулся на один нормальный человеческий вариант. Если кратко, вот что я понял: современная онлайн-школа для детей — это серьёзный и комплексный подход. Там и преподаватели живые и вовлеченные, что очень радует на практике.

В общем, кому понимает толк в теме онлайн образование школа — почитайте подробности, вот здесь все выложено без лишней воды: школа онлайн для детей школа онлайн для детей.

Думаю, это как раз то, что сейчас нужно многим родителям. Потому что без четкой системы в обучении сейчас вообще никуда, а тут организована именно частная школа онлайн. Пригодится точно, потом еще спасибо скажете.

Reply

Leave a Comment