NewsPolitic

မြောက်ဦးတွင် ရှေးဟောင်းရတနာများတွေရှိသူ လူငယ်တွေကို ဂုဏ်ပြုဆုချီးမြှင့်

အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းရတနာများနဲ့ ငွေဒင်္ဂါးပြားများ တွေရှိခဲ့တဲ့ လူငယ်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဂုဏ်ပြုလွှာနဲ့ ဆုချီးမြှုင့်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်က မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ဘောလုံးကစားကြရင်း ရှေးဟောင်းရတနာပစ္စည်များနဲ့ ငွေဒင်္ဂါးပြား ၁၃၂ ပြားကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ရှေး‌ဟောင်းရတနာများနဲ့ ငွေဒင်္ဂါးပြားများ တွေ့ရှိခဲ့တဲ့ လူငယ် ၄ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်က ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတနေရာတွင် ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

“တယောက်ချင်းဆီကို ဂုဏ်ပြုဆု ငွေသား ၇,၅၀၀၀၀၀ (ခုနှစ်ဆယ့်ငါး) သိန်းကျပ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခအမျိုးသားအမွေအနှစ်ကော်မရှင်က ချီးမြှင့်ခဲ့တာ” လို့ မြောက်ဦးမြို့ဒေသခံတဦးက ဆိုပါတယ်။

ရှေးဟောင်းရတနာများနဲ့ ငွေဒင်္ဂါးပြားများကို တွေ့ရှိခဲ့သူများမှာ မြောက်ဦးမြို့နေ ဦးနိုင်ဝင်းထွန်းနဲ့ ဒေါ်စိုးစိုးတို့ရဲ့သားဖြစ်သူ မောင်စိုးအောင်မင်း၊ ဦးညီဘုနဲ့ ဒေါ်နုနုယဉ်တို့ရဲ့သားဖြစ်သူ မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သားဖြစ်သူ မောင်ဖြိုးမြတ်ဦးနဲ့ ဦးခိုင်ကျော်လင်းရဲ့သားဖြစ်သူ မောင်ကျော်စိုးလင်းတို့ပဲ ဖြစ်ပါတယ်။

အဆိုပါ ငွေဒင်္ဂါးပြားများမှာ ရက္ခိုင်သက္ကရာဇ် (၁၀၀၀) (ဆင်ဖြူသခင်၊ နရပတိကြီးလက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၁၃ ပြား)၊ (ဆင်ဖြူသခင်၊ ဆင်နီသခင် နရပတိကြီးလက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၁၀ ပြား)၊ ရက္ခိုင်သက္ကရာဇ် (၁၀၁၄) (ရွှေနန်းသခင်၊ စန္ဒသုဓမ္မရာဇာ လက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၄၁ပြား)၊ ရက္ခိုင်သက္ကရာဇ် (၁၀၀၇) (ဆင်နီသခင်၊ ဆင်ဖြူသခင် သတိုးမင်းတရား လက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၆၆ပြား)၊ ရက္ခိုင်သက္ကရာဇ် (၁၀၄၇) (ရွှေနန်းသခင်ဝရဓမ္မရာဇာ လက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၁ ပြား)၊ (ဖတ်မရဘဲ လုံးဝ ပျက်စီးနေတဲ့ ငွေဒင်္ဂါးပြား ၁ ပြား) တို့ ဖြစ်တယ်လို့ သိရပါတယ်။

Ref & Photo – APM & ONN

Related posts

မာန်အောင်မှာ ဆေးဝါး ‌ဈေးအဆမတန်မြင့်မားတဲ့အပြင် ဆေးဝါးရှားပါးနေ

Rakhita Times

၂၀၂၇ အတွင်း ကျန်မြို့ကို သိမ်းမယ့် AA ကို တရုတ်သဘောထား ဘယ်လိုရှိနိုင်လဲ

Rakhita Times

ကျောက်ဖြူမှာ အစိုးရဝန်ထမ်းတွေက သူဌေးဖြစ်ပြီး လူထုက ဆင်းရဲနေ

Rakhita Times

1 comment

atlantistechnical.com ဩဂုတ် 13, 2026 at 3:51 မနက်

References:

George thorogood bad to the bone atlantistechnical.com

Reply

Leave a Comment