NewsPolitic

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်ဖွား ခမီလူမျိုး ဦးနေထွန်းလှ သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းနိုင်ငံရောက် ခမီအမျိုးသားရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

သေဆုံးသူဟာ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ မြင်းကပ်ကျေးရွာက ဦးနေထွန်းလှ ဖြစ်ပြီး သူဟာ ထိုင်းနိုင်ငံ၊ နခေါ့ပထုန်ခရိုင်၊ အုန်းနွဲစိုင်ဟနယ်မြေ၊ ဝေလစ်ခင် လမ်း (၃၀) ဂုန်နီအိတ်စက်ရုံကြီးအနီးမှာ ဇနီးဖြစ်သူနဲ့အတူ ဈေးဆိုင်ဖွင့်ထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်၊ နေ့လည် ၁၁ နာရီမှာတော့ ဦးနေထွန်းလှဟာ သူ့ရဲ့ ဆိုင်ခန်းမှာပဲ ဓားဒဏ်ရာနဲ့‌ သေဆုံးခဲ့တာဖြစ်ပြီး မတော်တဆ ချော်လဲရာမှ ကိုယ့်ကိုကိုယ် ဓားထိုးမိပြီး သေဆုံးတာဖြစ်‌ကြောင်း သူ့ရဲ့ ဇနီးဖြစ်သူက ဆိုထားတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

“ အခုလို ဖြစ်စဥ်မျိုး အရင်ကတော့ မရှိဖူးပါ။ မိသားစုအနေနဲ့ရော ကျနော်တို့အနေနဲ့ရော ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်လိုသေဆုံးရတယ်ဆိုတဲ့ အမှုမှန်ကိုတော့ အတိအကျ သိချင်ပါတယ်။ အမျိုးသမီးကိုတော့ စစ်ဆေးတာတွေ ရှိပါတယ်။ အခုလောလောဆယ်တော့ အမှုမှန်ကို ရှာဖွေစစ်ဆေးနေဆဲပါ”  လို့  သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောခဲ့ပါတယ်။

အဆိုပါ အမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေအပြင် ထိုင်းရောက် မြန်မာတိုင်းရင်းသားအသိုင်းအဝိုင်း၊ ရက္ခိုင်လူမျိုးများ၊ ခမီလူမျိုးအဖွဲ့အစည်းများက ဦးနေထွန်းလှရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း ယူဆသုံးသပ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မိသားစုဝင်များက အမှုဖွင့်ထားပြီး သေဆုံးသူရဲ့  ဇနီးကိုတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့သလို အမှုကို  ထိုင်းရောက်အလုပ်သမားကူညီရေးအဖွဲ့ (AAC) က ဆက်လက် ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ AA က ကုန်စည်တွေ မပြတ်အောင် ကြိုးစားပေးနေ

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

ရက္ခိုင်သမိုင်း နဲ့ ရူပဗေဒပညာရှင် ဆရာကြီးဦးစံသာအောင်ရဲ့ကြေးရုပ်တု ရန်ကုန်တက္ကသိုလ်တွင်ထားရှိ

Rakhita Times

2 comments

karayaz.ru ဧပြီ 13, 2026 at 6:19 ညနေ Reply
git.scinalytics.com မေ 4, 2026 at 8:59 မနက်

References:

Brisbane casino

References:
https://qpxy.cn/rhonda30i2303

Reply

Leave a Comment