NewsPolitic

ကပစ ၁၆ နီးရှိ ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးရှိ ကာကင်းစခန်း ၇ ခုအထိ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

“ ၆၆၆ ကုန်းကို သိမ်းပြီးနောက်မှာ နောက်ထပ် ကာကင်း ၇ ခုကို ဆက်တိုက် သိမ်းတယ်။ အခုဆိုရင် စကမက ကပစ ၁၆ ကို ကုန်မထုတ်တော့ပဲ စစ်ဆင်ရေးစခန်းအသွင် ပြောင်းထားတယ်”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။

“ ကျနော်သိသလောက်ဆိုရင် ကပစ ၁၆ ကို ရောက်ဖို့ ကာကင်းအနည်းငယ်နဲ့ ကြားမှာ စခန်းကြီးတခုပဲ ရှိတော့တယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

ကပစ ၁၅ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ 

စစ်ကော်မရှင်ဟာ ကပစ ၁၆ မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ ပြင်းပြင်းထန်ထန် အသုံးပြုလာနိုင်လို့ ကပစ ၁၆ အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်ကြဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

Related posts

လမ်းမဧရိယာအတွင်း အဆောက်အအုံသစ် ကျူးကျော်မဆောက်ရန် AA က အသိပေး

Rakhita Times

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်း သ‌ဘောတူ

Rakhita Times

Leave a Comment