NewsPolitic

အဉ္ဇနပူရမြို့ကို စစ်ကောင်စီ Y-12 နဲ့ ညဘက်ဗုံးကြဲ၊ ၂ ဦး ဒဏ်ရာရပြီး ဆီဆိုင်ပျက်စီး

အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် အဉ္ဇနပူရမြို့ပေါ်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ ရက် ညမှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့ခံ ၂ ဦး ဒဏ်ရာရပြီး ဆီဆိုင်တစ်ဆိုင် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက် ည ၁၁ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်တစ်စီးက အဉ္ဇနပူရမြို့ဝန်းကျင်မှာ ပျံသန်းပြီး ဗုံး ၂၀ နီးပါး ကြဲချခဲ့ပါတယ်။

ဗုံးတွေဟာ မြို့ပေါ်က မင်းဘာကြီးရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဈေးဟောင်းပိုင်း၊ ပြည်တော်သာရပ်ကွက်နဲ့ ကင်းဆိပ်ရွာဘက်မှာ ကျရောက် ပေါက်ကွဲခဲ့တယ်။

အဆိုပါ ဖြစ်စဉ်မှာ မင်းဘာကြီးရပ်ကွက်က ဒေါ်နုနုချေ (ခ) နုနုအေး (၄၄ နှစ်) နဲ့ မြို့သစ်ရပ်ကွက်က မသိန်းနုချေ (၂၉ နှစ်) တို့ ဗုံးစထိမှန်ပြီး ဆေးကုသမှု ခံယူနေကြရပါတယ်။

မြို့ထွက်လမ်းက ဆီဆိုင်တန်းပေါ်ကိုလည်း ဗုံးတစ်လုံး ကျပေါက်ကွဲလို့ ဒေါ်စန်းစန်းမော် ပိုင်တဲ့ “သန်းမိသားစုဆီဆိုင်” ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲလို့ မြို့ခံတစ်ဦး ဒဏ်ရာရခဲ့ပြီး အခုလို ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေက အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေကြရတယ်လို့လည်း သိရပါတယ်။

Related posts

AA က စက်တပ်လေထီး နှစ်စင်း ပစ်ချနိုင်ခဲ့

Rakhita Times

AA ထံ အမြန်ဆုံး အလံဖြူထောင် အလင်းဝင်ဖို့ နပခတိုင်း စစ်ဦးစီးချုပ် တိုက်တွန်း

Rakhita Times

အမ်းတွင် စစ်ကျန် ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦး သေဆုံး

Rakhita Times

Leave a Comment