NewsPolitic

‎ရေကြည် အမြောက်တပ် ၃၄၄အနီး တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၄ ‎ဖေဖော်ဝါရီ ၂၀၂၆)

‎‎ဧရာဝတီတိုင်း ရေကြည်မြို့နယ် ဂွ- ငသိုင်းချောင်းလမ်း မြောက်စမ်းရွာအနီးရှိ အမြောက်တပ် အမတ ၃၄၄ အနီး အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အဆိုပါ အမြောက်တပ် အမတ ၃၄၄ ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်ကစတင်ကာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

‎အမြောက်တပ် အမတ ၃၄၄ ကို ကျုံပျော် ခလရ ၃၆ က အင်အားတချို့ စစ်ကူပို့ထားပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားနဲ့ သယ်ထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံထားရတဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သားတွေဟာ စစ်ရေးအတွေ့အကြုံ မရှိတဲ့အတွက် ထွက်ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

‎အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

‎သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်များရဲ့ ခြေကုတ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ တိုက်စစ်အသွင်ဆောင်တဲ့ ခံစစ်အနေအထား ပြန်လည်ရောက်ရှိနေတယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။

Related posts

သင်္ကြန်ကာလအတွက် ပြည်ပထုတ် အရက်၊ ဘီယာ တင်သွင်းခွင့် ULA ခွင့်ပြု

Rakhita Times

သံတွဲက စစ်တပ်ဒေါက်တိုင်တွေရဲ့ ပိုင်ဆိုင်မှုကို ရွေးတုအစိုးရက ပစ်မှတ်ထားဖျက်ဆီးနေ

Rakhita Times

ကြောင်ဖိုရွာ ဗုံးကြဲခံရလို့ ၇ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရ လို့ AA ထုတ်ပြန်

Rakhita Times

99 comments

Leave a Comment