NewsPolitic

ယိုးငူရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၈ ဦး အထိရှိလာ

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာ ဗုံးကြဲခံရမှုတွင် သေဆုံးသူဦးရေ ၁၈ ဦး အထိ ရှိလာနေတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဈေးနဲ့ တာဝါတိုင်အနီးကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆ နှစ်အရွယ်ကလေးငယ်တဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည် ၂ နာရီခန့်က စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာနဲ့ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာကို ပေါင် (၃၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိထားသူတွေထဲက တဦး ထပ်မံသေဆုံးသွားလို့ သေဆုံးသူ ၁၈ ဦး အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင်း ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ အများစုမှာ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်က ယိုးငူရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ စျေးဆိုင်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

အဆိုပါ ယိုးငူရွာဟာ စစ်ဘေးရှောင် အများအပြား နေထိုင်နေကြတဲ့ ရွာတရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Related posts

စစ်တွေတွင် တစ်ပတ်အတွင်း စားဆီ ၁ လီတာ တစ်သောင်းကျော် ဈေးတက်

Rakhita Times

ကျောက်ဖြူကို ဒရုန်းနဲ့ ဗုံးကြဲချလို့ ပြည်သူ ၂ ဦး သေ ၅ ဦး ဒဏ်ရာရ

Rakhita Times

AA ကို ‘ဝ’ က လက်နက်ထောက်ပံ့ပေးတာ မဖြစ်နိုင်၊ သူ့ဘာသာ သူ ဝယ်သုံးတာ ဖြစ်နိုင်

Rakhita Times

Leave a Comment