NewsPolitic

စကမ ဟာ နိုင်ငံတကာရာဇဝတ်မှုကို ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင်ဟာ နိုင်ငံတကာရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO က ထုတ်ပြန်ပါတယ်။

“စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာများအတွင်းကို နေ့ခင်းကြောင်တောင် ဗုံးကြဲတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာစစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်တယ်။ ဒီလုပ်ရပ်ဟာ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ပါ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရမယ့် အခြေခံမူများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းပင် ဖြစ်တယ်” လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် (၂) နာရီ (၇) မိနစ် အချိန်ခန့်တွင် မြန်မာအကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေတပ်ဟာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ရှိ ယိုးငူကျေးရွာအတွင်းရှိ ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာ (Jet Fighter) အသုံးပြုပြီး တမင်သက်သက် ပစ်မှတ်ထားကာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်ခဲ့ပါတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁၇) ဦးခန့် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၁၄) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ ပါဝင်ပြီး ပြည်သူပိုင်နေအိမ်များနဲ့ ဈေးဆိုင် အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ HDCO က ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အနေနဲ့ မြန်မာစစ်ကော်မရှင်ရဲ့ အခုလို အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်လို့လည်း ဆိုပါတယ်။

မိမိတိ့်အနေနဲ့ ထိခိုက်၊ သေဆုံးသွားရတဲ့ မိသားစုဝင်များနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုများကို အခြားသက်ဆိုင်ရာ အာရက္ခဌာနများနဲ့ ပူးပေါင်းပြီး အမြန်ဆုံး စီမံဆောင်ရွက်လျက်ရှိပါတယ်လို့လည်း HDCO က ဆိုပါတယ်။ 

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အခုလို အကြမ်းဖက်လုပ်ရပ်များကို ဟန့်တားနိုင်ရန် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် အလေးအနက်ထား တောင်းဆိုအပ်ပါတယ်လို့ HDCO က တိုက်တွန်းထားပါတယ်။

Related posts

ကပစ ၁၆ အနီးက ကာကင်း ၄ ခုကို AA သိမ်းပိုက်

Rakhita Times

AA က နတ်ရေကန်တဝိုက်က စခန်းတွေကိုထိန်းချုပ်ထား၊ ရွေးတုအစိုးရတပ် ရိက္ခာပြတ်တောက်နေ

Rakhita Times

သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ဘေးရှောင်ပြည်သူ ၈ ဦး ဒဏ်ရာရ

Rakhita Times

1,981 comments

Leave a Comment