NewsPolitic

ယိုးငူရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၈ ဦး အထိရှိလာ

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာ ဗုံးကြဲခံရမှုတွင် သေဆုံးသူဦးရေ ၁၈ ဦး အထိ ရှိလာနေတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဈေးနဲ့ တာဝါတိုင်အနီးကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆ နှစ်အရွယ်ကလေးငယ်တဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည် ၂ နာရီခန့်က စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာနဲ့ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာကို ပေါင် (၃၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိထားသူတွေထဲက တဦး ထပ်မံသေဆုံးသွားလို့ သေဆုံးသူ ၁၈ ဦး အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင်း ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ အများစုမှာ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်က ယိုးငူရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ စျေးဆိုင်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

အဆိုပါ ယိုးငူရွာဟာ စစ်ဘေးရှောင် အများအပြား နေထိုင်နေကြတဲ့ ရွာတရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Related posts

ရသေ့တောင်ကို ဗုံး ၁၇ လုံးကြဲ၊ ပြည်သူ ၂ ဦးသေ ၁၂ ဦး ဒဏ်ရာရ

Rakhita Times

အဥ္ဇနပူရမြို့က ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးသွာတဲ့ အိမ် ၃၈ အိမ် အတွက် ULA/AA ငွေကျပ် ၈ သိန်းစီ ထောက်ပံ့

Rakhita Times

ချင်းပြည်တစ်ခွင် စစ်ကောင်စီကင်းစင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

3 comments

Leave a Comment