NewsPolitic

ARSA ပြန်ပေးဆွဲခံထားရတဲ့ မွတ်ဆလင် လူငယ် ၁ ဦး ပြန်လွတ်မြောက်လာ

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆)

ARSA အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ ရက္ခိုင်ပြည် မောင်တောမြို့နယ်က အသက် ၁၃ နှစ်အရွယ် မွတ်ဆလင် လူငယ် ၁ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

‎အဆိုပါ မူဆလင်လူငယ်မှာ ရက္ခိုင်ပြည် မောင်တောမြို့ နယ် မီးကျောင်းတက်ရွာနေ ဖခင် အဒူလ္လာရဲ့ သားဖြစ်သူ ၁၃နှစ်အရွယ် ယာဆဲလ်အာရ်ဖတ် ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက် ည ၁နာရီ အချိန်ခန့်က မီးကျောင်းတက်ရွာတွင် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် (ARSA)တပ်ဖွဲ့ဝင်များဟာ ယာဆဲအာရ်ဖတ်ရဲ့ မိသားစုထံကို ခြိမ်းခြောက်ကာ တာကာငွေများစွာ တောင်းခံခဲ့တယ်လို့ ယာဆဲလ်အာရ်ဖတ်ရဲ့ မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် အာရ်ဖာက ဆိုပါတယ်။

မြန်မာငွေကျပ် သိန်း ၄၈၀ ခန့် တန်ဖိုးရှိတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၁၅ သိန်းကို တောင်းခံပြီး မပေးနိုင်ပါက သားဖြစ်သူကို ပြန်လွှတ်မပေးလို့ ARSA အဖွဲ့က ခြိမ်းခြောက် ငွေညှစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ARSA တောင်းတဲ့ တာကာငွေ ၁၅ သိန်းကို ပေးရန် မိဘများမှာ မတတ်နိုင်လို့ မပေးနိုင်ကြောင်း ဆက်လက် ငြင်းဆိုရာ ဒုတိယ အကြိမ် ၁၀ သိန်း၊ တတိယ အကြိမ် ၇ သိန်း၊ စတုတ္ထ အကြိမ် ၄ သိန်း စတဲ့ တောင်းခံမှုတွေကို ငြင်းဆိုခဲ့ပြီး နောက်ဆုံးတွင် တာကာငွေ ၂ သိန်းနဲ့ ညှိနှိုင်းရခဲ့လို့ သားဖြစ်သူ ပြန်လွတ်မြောက်လာခဲ့တာလို့လည်း သိရပါတယ်။

‎အဆိုပါ မွတ်ဆလင်လူငယ် ယာဆဲလ်အာရ်ဖတ်ကို မီးကျောင်းတက်ရွာရဲ့ အရှေ့မြောက်ဖက် မီတာ ၄၀၀၀ ကျော်ခန့်အကွာ လှဖိုးခေါင်အနီး တောထဲတွင် ဖမ်းဆီးခေါ်ဆောင်ထားခဲ့ပြီး အစားအစာများမပေးပဲ ထိုးနှက်ကန်ကျောက်ခြင်း၊ ဓားဖြင့်ထိုးခြင်းစတဲ့ ညည်းပင်းနှိပ်စက်မှုများစွာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် လေ‌လာတောင်တွင် AA ရဲ့ တိုက်ခိုက်ခြင်းခံရ

Rakhita Times

အားလုံးပဲ သာလီစွပါ။ အာရက္ခတိုင်းမ်စ် သတင်းဌာနရဲ့ သတင်းပေါ့စ်ကပ်စ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

Rakhita Times

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

Rakhita Times

265 comments

Leave a Comment