NewsPolitic

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် မင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်း ၄၄ ဖွဲ့ သန္နိဌာန်ပြု

အာရက္ခတိုင်းမ်စ်(၁၇ ဒီဇင်ဘာ ၂၀၂၅)

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သန္နိဌာန်ပြုချက်ကို ဒီဇင်ဘာလ ၁၆ ရက် ညပိုင်းမှာ မင်းကိုနိုင်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအား သတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဆိုထားပါတယ်။

“အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော် လမ်းလွှဲနေခြင်းကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့အားလုံးဟာ စစ်ရာဇဝတ်မှု ကျူးလွန်တရားခံ စစ်ခေါင်းဆောင်များကို တညီတညွတ်တည်း တော်လှန်နေကြသူ သွေးချင်းများဖြစ်ပြီး မည်သူ ထိခိုက်နစ်နာတာဖြစ်ဖြစ် အတူခံစား နာကျင်ရပြီး အပြန်အလှန် အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားကြရန် သန္နိဌာန်ပြုပါတယ်”လိ့် ထုတ်ပြန်ထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် နဲ့အတူ ဒါရိုက်တာကိုပေါက်၊ သွန်းနေစိုး၊ ဒေါ်သန့်ဝေကျော်၊ မရွှေမိုး(ကိုရီးယား)၊ အောင်သော်(One Star)၊ ဒေါ်သီရိရတနာ အစရှိတဲ့လူပုဂ္ဂိုလ်များအပါအဝင် အဖွဲ့အစည်းပေါင်း ၄၄ ဖွဲ့ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

တောင်ကုတ်ကို စကမ ဗုံးကြဲ(Breaking News)

Rakhita Times

တရုတ်အပေါ်မှာ KIA  နိုင်ဖဲရှိ

Rakhita Times

ရမ်းဗြဲတွင် စကမ ဗုံးချလို့ ဆရာတော်တပါးနဲ့ ပြည်သူတဦး ဒဏ်ရာရ

Rakhita Times

470 comments

Leave a Comment