အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအတွင်းကို ဒီကနေ့ မတ်လ ၇ ရက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တွေပြည်သူ့ဆေးရုံအတွင်း ပစ္စည်းတွေ သိုလှောင်ခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း ဒေသခံထံက သိရပါတယ်။
စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ ပစ်ခတ်မှုတွေ ဖြစ်ပွါးနေခဲ့ကြတာပါ။
လက်နက်ကြီးကျရောက်မှုက မနက် ၅ နာရီ ဝန်းကျင်မှာ စတင်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ကာ အခုအခါမှာတော့ မီးငြိမ်းသတ်သွားပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့ဒေသခံတွေဟာ နီးစပ်ရာ မိသားစုဆွေမျိုး အသိမိတ်ဆွေတွေနဲ့ စုရုံးနေထိုင်နေကြကြောင်းလည်း သိရပါတယ်။
