NewsPolitic

ပလက်ဝကို စကမ ဗုံးကြဲ၊ ပြည်သူ ၆ ဦးသေ ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)

ပလက်ဝမြို့နယ် ကြောင်ချောင်းရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ ဒီနေ့ ညနေ ၄ နာရီ လောက်မှာ ကြောင်ချောင်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ယောက်ကျား ၆ ယောက် သေသွားတယ်လို့ ပြောတယ်။ ရွာသား ၆ ယောက် သေသွားတယ်။ ကလေး ၁‌ ယောက် ဒဏ်ရာ ရသွားတယ်။ အားလုံး ဒဏ်ရာရတာ ၄ ယောက်ရှိတယ်” လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကြောင်ချောင်းရွာဟာ ခူမီးလူမျိုး အများစုနဲ့ ရက္ခိုင်လူမျိုး အနည်းငယ်နေထိုင်နဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။

“ ကျနော်သိရသလောက်တော့ ဆိပ်ကမ်းနား (ချောင်း) ကျတယ် ကြားတယ်။ ဆိပ်ကမ်းနားက ဘုတ်တွေကပ်တယ်။ သေသွားတဲ့သူတွေက ခရီးသည်တွေလို့ သိရတယ်” လို့ နောက်ထပ် ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းရွာက ဒေသခံနေအိမ်အချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ သတင်းကိုလည်း အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ပုဏ္ဏားကျွန်းက ရွာ ၃ ရွာကို စကမဗုံးကြဲ

Rakhita Times

အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ လုံခြုံရေးစခန်းကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ လာရောက်ပစ်ခတ်

Rakhita Times

စစ်တွေ ကြံ့ဖွံ့ပါတီက လူမိုက်ငှားနေ

Rakhita Times

Leave a Comment