Uncategorized

မင်းပြားမြို့သိမ်းတွင် ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို AA တတိယအကြိမ် ထပ်မံ လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်စဉ် ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားခဲ့တဲ့ စစ်သုံ့ပန်းနဲ့ သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို မတ်လ ၁၀ ရက်က တတိယအကြိမ် ထပ်မံ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် မင်းပြားမြို့ကို အပြီးသတ်သိမ်းပိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနဲ့ သုံ့ပန်းမိသားစုဝင် အများအပြားကို လက်နက်ခဲယမ်း အမြောက်အမြားနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့ရာ တတိယအကြိမ်အဖြစ် သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို ထပ်မံ လွှတ်ပီးလိုက်တာလည်း ဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ပြန်လွှတ်ပေးလိုက်တဲ့ သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးတွင် ကလေးငယ် ၅၄ ဦး၊ အမျိုးသမီး ၅၄ ဦးနဲ့ အမျိုးသား ၄၄ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

“စစ်သုံ့ပန်းများနဲ့ သုံ့ပန်းမိသားစုဝင်များကို ထိန်းသိမ်းထားစဉ် ကာလအတွင်းတွင်လည်း အာရက္ခတပ်တော်ဟာ စစ်သုံ့ပန်းနဲ့ သုံ့ပန်းမိသားစုဝင်များကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်တဲ့ အမိုးအကာ ‌နေရာထိုင်ခင်းများ စီမံပေးခြင်း၊ လုံလောက်ပြည့်စုံတဲ့ စားဝတ်နေရေးများ ဖြည့်တင်းပေးခြင်း၊ လိုအပ်တဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းတို့ကို စနစ်တကျ ဖြည့်ဆည်းပေးပါတယ်” လို့ လွတ်မြောက်လာတဲ့သုံ့ပန်းမိသားစုဝင်တဦးက APM ကို ပြောကြားခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မင်းပြားမြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းရခဲ့တဲ့ စစ်သုံ့ပန်းများနဲ့ သုံ့ပန်းမိသားစုဝင်များကို ပြန်လွှတ်ပေးရာတွင် ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်က သုံ့ပန်းမိသားစုဝင် ၁၇၀ ကို ပထမအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်က သုံ့ပန်းမိသားစုဝင် ၂၂၅  ဦးကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ယခု တတိယအကြိမ်တွင် သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို ထပ်မံ လွှတ်ပီးလိုက်လို့ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ထိန်းသိမ်းထားခဲ့တဲ့ သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၅၄၇ ဦးကို ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

Photo – APM

Related posts

ရက္ခိုင်ပြည် လွတ်မြောက်တော့မယ့် အောင်ပွဲလို့ တိုင်းရင်းသားအင်အားစု သဝဏ်လွှာပို့

Rakhita Times

“မြစ်များ” ပန်းချီပြပွဲ မဲဆောက်တွင် ပြုလုပ်ဓာတ်ပုံသတင်း

Rakhita Times

မြောက်ဦးက ရေမြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်ပေးနေ

Rakhita Times

425 comments

Leave a Comment