NewsPolitic

AA သိမ်းပိုက်ထားနဲ့ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အမတ ၃၄၄ က စစ်ကြောင်း တပ်ပျက်ကာ ဆုတ်ခွာသွား

အာရက္ခတိုင်းမ်စ် (၈ ဧပြီ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အမှတ် ၃၄၄ အမြောက်တပ်ရင်းက စစ်ကြောင်းဟာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ တိုက်ခိုက်လိုက်လို့ တပ်ပျက်ပြီး နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

“ စကမ ရဲ့တပ်က မြောက်စမ်းဖက်ကို လေကြောင်းကနေ အရင်တိုက်ခိုက်တယ်။ ပြီးရင် စစ်ကြောင်းထိုးတယ်။ အဲလိုပဲ သီတာကုန်းပြင်၊ စက်စက်ယိုနဲ့ နဂါးရစ်တောင်ကြောတွေကိုလည်း ဖြန့်ပြီး စစ်ကြောင်းထိုးတယ်။ အဲဒါမှာ AA တို့က ဖြတ်တိုက်လိုက်လို့ တပ်ပျက်ပြီး အသေအပျောက်နဲ့ တပ်ပြန်ဆုတ်သွားတာ။ ဒီလ ပထမ အပတ်ကပါ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်း ထွက်လာ စစ်ကော်မရှင် စစ်ကြောင်းဟာ ရေကြည်မြို့နယ် ဂွ-ငသိုင်းချောင်းလမ်းပေါ်ရှိ မြောက်စမ်းကျေးရွာအပြင် သီတာကုန်းပြင်၊ စက်စက်ယိုနဲ့ နဂါးရစ်တောင်ကြောတဝိုက်ကို ဖြန့်ခွဲ စစ်ကြောင်းထိုးရန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

အမြောက်တပ် အမတ ၃၄၄ ကို ကျုံပျော် ခလရ ၃၆ က အင်အားတချို့ စစ်ကူပို့ထားပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားနဲ့ သယ်ထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံထားရတဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သားတွေဟာ စစ်ရေးအတွေ့အကြုံ မရှိတဲ့အတွက် ထွက်ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

‎အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Related posts

မောင်တောနယ်စပ်က AA စခန်းတွေကို ဝင်တိုက်ဖို့ အကြမ်းဖက်သမားတွေကို ဖိအားပေးမှုတွေ ရှိနေ

Rakhita Times

စကမ ဟာ အထိအခိုက်များနေရင် ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တယ်လို့ ဦးခိုင်သုခ ဆို

Rakhita Times

ရက္ခိုင်ကို လေကြောင်းဗုံးကြဲပြီး စေ့စပ်ဆွေးနွေးရေးလာဖို့ လုပ်လို့မရဘူး

Rakhita Times

Leave a Comment