BusinessNewsPolitic

ယမကာအခွန် AA ၅၀ ရာခိုင်နှုန်း ကောက်ခံ၊ ဆေးဝါးများကို အခွန်ကင်းလွတ်ခွင့်ပေး

အာရက္ခတိုင်းမ်စ် (၈ ဧပြီ ၂၀၂၆)

သင်္ကြန်ကာလအတွက် စစ်ကော်မရှင်ထုတ် အရက် ဘီယာကလွဲလို့ ကျန် ပြည်ပထုတ် အရက် ဘီယာများကို ဧပြီလ ၂ ရက်ကနေ ၁၀ ရက် အထိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခွင့်ပြုပေးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပထုတ် အရက် ဘီယာများကို သင်္ကြန်ကာလအတွင်း တင်သွင်းခွင့်၊ ဖြန့်ဖြူးရောင်းချခြင်းနဲ့ လက်ဝယ်ထားရှိမှုများကို ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ကျနော်တို့က အခု ပြည်မကနေ အရက် ဘီယာ သွင်းတယ်။ ဗောက်ချာ ပြရတယ်။ သိန်း ၁၀၀ ဖိုးဆို သိန်း ၅၀ ပေးရပါတယ်။ ဆေးဝါးတွေကိုတော့ အခွန် ကင်းလွတ်ခွင့် ပေးထားပါတယ်” လို့ ကျောက်တော်မြို့နယ်က ကုန်သည်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ထုတ် အရက်၊ ဘီယာက လွဲပြီး ပြည်ပထုတ် အရက် ဘီယာများကို ရက္ခိုင်သို့ တင်သွင်းခွင့်အား ဧပြီ ၂ ရက်မှ ဧပြီ ၁၀ ရက်အထိနဲ့ ပြည်သူများ သောက်သုံး ရောင်းချမှုကို ဧပြီ ၂ ရက်ကနေ မေလ ၃၀ ရက် အထိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင် ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ကတော့ ကြိုဆိုတယ်။ အချို့နိုင်ငံတွေမှာ ယမကာနဲ့ ဆေးလိပ်တို့ဆို့ အခွန်က ၁၀၀ ရာခိုင်နှုန်းတောင် ကောက်တာ ရှိတာပဲ။ အခွန်ရမှ ကိုယ့်အစိုးရက ဒေသဖွံ့ဖြိုးရေးတွေ လုပ်လို့ ရမှာလေ။ ပြီးတော့ အရက် တင်သွင်းခွင့်ကိုလည်း ရေတိုမဟုတ်ပဲ ရေရှည်အတွက် စဉ်းစားပေးစေချင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

တင်သွင်း၊ ရောင်းချခြင်း သတ်မှတ်ကာလ ပြီးဆုံးပါက ဆက်လက် တင်သွင်း၊ ရောင်းချနိုင်ရန် သက်ဆိုင်ရာခရိုင်ကတဆင့် အရက်ထိန်းသိမ်းရေးဘုတ်အဖွဲ့ ( Alcohol Control Board) ထံ လျှောက်ထားနိုင်ပြီး လိုင်စင် (သို့) ခွင့်ပြုမိန့်ရမှသာ ဆောင်ရွက်ကြရန် ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွင် ပါရှိတဲ့ စည်းကမ်းများကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး နာမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းခံရမှာဖြစ်ပြီး နောက် ကာလများတွင် လိုင်စင်လျှောက်ထားရန် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

ကျောက်ဖြူကို စကမ ဗုံးကြဲ ၈ ဦးသေ၊ ၁၀ ဒဏ်ရာရ

Rakhita Times

ဦးဦးလှစောဟာ လွှတ်တော်ထဲမှာ ပြောစရာရှိရင် ဒဲ့ပြောတတ်တယ်။ ပြောနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်။

Rakhita Times

ပင်လယ်ပြင်မှာမိတဲ့ မူးယစ်နဲ့ပတ်သက်တာမှန်သမျှ AA ပါဝင်နေတယ်လို့ ဇော်မင်းထွန်း ထပ်မံစွပ်စွဲပြန်

Rakhita Times

461 comments

Leave a Comment