NewsPolitic

ယာဉ်စည်းကမ်းချိုးဖောက်သူများကို အာရက္ခအစိုးရ အရေးယူ

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြတ်သားစွာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“အသိပညာပေးတဲ့ ကာလက ပြီးသွားပြီ။ အခုက အရေးယူဆောင်ရွက်ရမယ့် ကာလဖြစ်နေပြီ။ အရေးမယူရင် လူတွေက ပေါ့တိပေါ့ဆနဲ့ မလေးစားဘူး။ ပေါ့တိပေါ့ဆလုပ်တော့ ခဏ ခဏ ကားတိုက်လိုက် ဆိုင်ကယ်တိုက်လိုက်နဲ့ သေကြ ဒဏ်ရာတွေရ ဆေးရုံရောက်ကျနဲ့ အခုလို ပြတ်ပြတ်သားသားကို အရေးယူစေချင်တာ၊ သင်္ကြန်မှာ ပိုလို့ တင်းကျပ်လေ ဘေးအန္တရာယ် ကင်းလေပါလေ” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပို့ဆောင်ရေးဌာန၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်းတွေဖြစ်တဲ့ ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်မဆောင်းခြင်း၊ လူနှစ်ဦးထက် ပိုစီးခြင်းနဲ့ မေးသိုင်းကြိုး မတပ်ထားခြင်း၊ လိုအပ်သည်ထက် အသံကျယ်အောင် မောင်းနှင်ခြင်းများအတွက် ဒဏ်ကြေး ၅,၀၀၀ ကျပ်၊ အရက်သေစာသောက်စားပြီး ကားမောင်းပါက ဒဏ်ကြေး ၅၀,၀၀၀ ကျပ်၊ ဆိုင်ကယ်မောင်းပါက ၃၀,၀၀၀ ကျပ် ပေးဆောင်ရမယ်လို့ သိရပါတယ်။

ခြွင်းချက်အနေနဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ်များကို ဦးထုပ်ဆောင်းပြီး တင်ဆောင်ခွင့် ပြုထားပြီး တရားခံ ဖမ်းဆီးလာခြင်း၊ လမ်းမလျှောက်နိုင်တဲ့လူနာတွေကို တင်ဆောင်ခွင့်တို့တွင် ၃ ဦး စီးနှင်းခွင့် ပြုထားပေးတယ်လို့ သိရပါတယ်။

ကားများအတွက်လည်း မီးနဲ့ ဘရိတ်စနစ်များ မပြည့်စုံခြင်း၊ ယာဉ်မောင်းနဲ့ လိုက်ပါသူများ ထိုင်ခုံခါးပတ် မပတ်ခြင်းတို့တွင် ဒဏ်ကြေး ၁၀,၀၀၀ ကျပ် ချမှတ်ထားပြီး ကုန်ပစ္စည်းတင်ဆောင်ရာတွင် ယာဥ်ရှေ့တွင် (၁) မီတာ (၃ ပေ ၃ လက်မခန့်)၊ နောက်တွင် (၂) မီတာ (၆ ပေ ၆လက်မခန့်) ထက် အစွန်းမထွက်စေရ စတဲ့ သတ်မှတ် စည်းကမ်းများကို မလိုက်နာပါက ဒဏ်ကြေး ၅၀,၀၀၀ ကျပ် ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။

အလားတူ သုံးတန်ထက်ပိုတဲ့ ကားတွေအနေနဲ့ မြို့အတွင်း ဝင်ရောက်ပြီး ကုန်ပစ္စည်းချပါက ဒဏ်ကြေး ၃၀၀,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ကုန်ပစ္စည်း တင်ဆောင်ရာတွင် (ဥပမာ အုတ်၊ သဲ၊‌ ကျောက်) စတာတွေကို တင်ဆောင်ရာတွင် သေချာစွာ ဖုံးအုပ်ထားရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာလျှင် ဒဏ်ကြေး ၃၀,၀၀၀ ကျပ်စီ‌ ပေးဆောင်ရမယ်လို့လည်း သိရပါတယ်။

သုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်များအတွက်လည်း ရောင်ပြန်အင်္ကျီ မဝတ်ခြင်း၊ သတ်မှတ်နေရာ မရပ်ခြင်းနဲ့ သတ်မှတ်ထားတဲ့ ထိုင်ခုံထက်ပိုပြီး လူတင်ခြင်းများအတွက် ဒဏ်ကြေး ၁၀,၀၀၀ ကျပ် ချမှတ်ထားတယ်လို့လည်း သိရပါတယ်။

ထို့အပြင် ယာဉ်ခေါင်မိုးပေါ်တွင် ကုန်တင်ဆောင်ခြင်းကိုလည်း ဒဏ်ကြေး ၃၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် ဒဏ်ကြေးပေးဆောင်ရန် ငြင်းဆန်ပါက ယာဉ်ကို ခေတ္တ ထိန်းသိမ်းထားမှာဖြစ်ပြီး ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ မပြီးမချင်း ပြန်လည်လွှတ်ပေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူများအနေနဲ့ ယာဉ်အန္တရာယ် လျော့ပါးလာစေအောင် စည်းကမ်းချက်များကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်း နှိုးဆောင်ထားပါတယ်။

Related posts

ကျောက်ဖြူတွင် ဂျိုင်ရိုကော်ပတာများ စတင်လေ့ကျင့်နေ

Rakhita Times

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

Rakhita Times

စစ်ကောင်စီက တရုတ်အားကိုးနဲ့ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်နိုင်တယ်လို့ TNLA ပြော

Rakhita Times

11 comments

https://zudate.com ဇွန် 26, 2026 at 12:15 မနက်

References:

Online casino live games best uk https://zudate.com

Reply
https://greenopps420.com/@wiltongreenwal?page=about ဇွန် 27, 2026 at 2:37 မနက်

References:

Legiano Casino Gutscheincode https://greenopps420.com/@wiltongreenwal?page=about

Reply
https://flirta.online/ ဇွန် 27, 2026 at 4:41 မနက်

References:

Legiano Casino Android https://flirta.online/

Reply
viraltubex.com ဇွန် 27, 2026 at 9:48 မနက်

References:

Legiano Casino Bonusbedingungen viraltubex.com

Reply
89.cholteth.com ဇူလိုင် 6, 2026 at 7:42 မနက်

References:

Legiano Casino No Deposit Bonus 89.cholteth.com

Reply
shop2.chuukr.cafe24.com ဇူလိုင် 6, 2026 at 7:46 ညနေ

References:

Legiano Online Casino shop2.chuukr.cafe24.com

Reply
https://www.tomfarr.com ဇူလိုင် 7, 2026 at 5:00 မနက်

References:

Legiano Casino Anmelden https://www.tomfarr.com

Reply
https://forums-archive.kanoplay.com/ ဇူလိုင် 7, 2026 at 6:00 မနက်

References:

Legiano Casino Bonus ohne Einzahlung https://forums-archive.kanoplay.com/

Reply

Leave a Comment