NewsPolitic

ဖားကန့်တွင် ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စကမ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမပေါ် လာရောက်စွန့်ပစ်

အာရက္ခတိုင်းမ်စ် (၁၆ ဧပြီ ၂၀၂၆)

ကချင်ပြည်၊ ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်က ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ဧပြီလ ၁၄ ရက်က လမ်းမပေါ်တွင် လာရောက်စွန့်ပစ်သွားတယ်လို့ သိရပါတယ်။

“ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ စည်ပင်လမ်းဆုံနားက ရွှေမြန်မာဆီဆိုင်နားမှာ စစ်တပ်က ကားပေါ်ကနေ လာပစ်သွားတယ်။ ရက္ခိုင်လူမျိုးက ၃ ယောက်၊ ၁ ယောက်ကတော့ နာဂလူမျိုးလို့တော့ သိရတယ်” လို့ ဖားကန့်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နှိပ်စက်​သတ်ဖြတ်ခံထားရတဲ့ ရက္ခိုင် ၃ ဦးကတော့ ဖားကန့်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် တင်းမရွာနေ အသက် ၂၂ နှစ်အရွယ် မောင်ဦးကျော်လင်း၊ အသက် ၂၂ နှစ်အရွယ် မောင်မင်းပိုင်စိုး နဲ့ အသက် ၂၄ နှစ်အရွယ် မောင်စိန်ကျော်ဌေး တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရသူထဲတွင် မောင်စိန်ကျော်ဌေးဟာ ရက္ခိုင်ဆယ်လီတဦးလည်း ဖြစ်ပါတယ်။

ဧပြီလ ၃ ရက်ကစပြီး ဖားကန့်ဗျူဟာကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ဟာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လာနေပြီး ဧ‌ပြီလ ၁၃ ရက်တွင် မရှီကထာင်အနီးတွင် တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

Related posts

ထိုင်းမှာ တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ကို လာမယ့်​နှစ်မှာ တိုးပေးဖို့ ညှိနှိုင်း

Rakhita Times

စစ်တကောင်းဒေသခံ ရက္ခိုင် ၆ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် ဖမ်းဆီး

Rakhita Times

တောင်ကိုရီးယားတွင် ၈ ကြိမ်မြောက် ရက္ခိုင်ရိုးရာ နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပာယ်ပွဲ ပြုလုပ်မည်

Rakhita Times

Leave a Comment