NewsPolitic

ဖားကန့်တွင် ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စကမ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမပေါ် လာရောက်စွန့်ပစ်

အာရက္ခတိုင်းမ်စ် (၁၆ ဧပြီ ၂၀၂၆)

ကချင်ပြည်၊ ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်က ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ဧပြီလ ၁၄ ရက်က လမ်းမပေါ်တွင် လာရောက်စွန့်ပစ်သွားတယ်လို့ သိရပါတယ်။

“၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ စည်ပင်လမ်းဆုံနားက ရွှေမြန်မာဆီဆိုင်နားမှာ စစ်တပ်က ကားပေါ်ကနေ လာပစ်သွားတယ်။ ရက္ခိုင်လူမျိုးက ၃ ယောက်၊ ၁ ယောက်ကတော့ နာဂလူမျိုးလို့တော့ သိရတယ်” လို့ ဖားကန့်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နှိပ်စက်​သတ်ဖြတ်ခံထားရတဲ့ ရက္ခိုင် ၃ ဦးကတော့ ဖားကန့်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် တင်းမရွာနေ အသက် ၂၂ နှစ်အရွယ် မောင်ဦးကျော်လင်း၊ အသက် ၂၂ နှစ်အရွယ် မောင်မင်းပိုင်စိုး နဲ့ အသက် ၂၄ နှစ်အရွယ် မောင်စိန်ကျော်ဌေး တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရသူထဲတွင် မောင်စိန်ကျော်ဌေးဟာ ရက္ခိုင်ဆယ်လီတဦးလည်း ဖြစ်ပါတယ်။

ဧပြီလ ၃ ရက်ကစပြီး ဖားကန့်ဗျူဟာကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ဟာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လာနေပြီး ဧ‌ပြီလ ၁၃ ရက်တွင် မရှီကထာင်အနီးတွင် တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

Related posts

လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

Rakhita Times

ရမ်းဗြဲ အနီး စစ်သင်္ဘောတွေ ရပ်နားထားလို့ တံငါသည်တွေ စားဝတ်နေရေး ခက်ခဲနေ

Rakhita Times

စကမရဲ့ လက်နက်ကြီးကြောင့် စေတနာ့ဝန်ထမ်း မိသားစုဝင်များ သေဆုံး

Rakhita Times

5 comments

https://casino-ohne-konto.online-spielhallen.de ဇွန် 15, 2026 at 6:36 ညနေ Reply
Riviera Casino Abriss ဇွန် 16, 2026 at 9:20 မနက်

References:

Bestes online casino österreich Riviera Casino Abriss

Reply
https://adhe.com.br/ ဇွန် 17, 2026 at 5:04 မနက်

References:

Kenosha casino https://adhe.com.br/

Reply

Leave a Comment