BusinessNewsPolitic

ရမ်းဗြဲ အနီး စစ်သင်္ဘောတွေ ရပ်နားထားလို့ တံငါသည်တွေ စားဝတ်နေရေး ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၂၂ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်ရှိ ပင်လယ်တွင် စစ်သင်္ဘောတွေ ရပ်နားထားလို့ ရမ်းဗြဲမြို့နဲ့ ကျောက်နီမော်ရွာက တံငါသည်တွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

“ ၁၂ ရက်နေ့မှာ ကျောက်နီမော်က ငါးဖမ်းလှေတစီးကို စစ်တပ်က ဖမ်းပြီးတော့ ဖမ်းမိထားတဲ့ ငါးနဲ့ ငါးဖမ်းပစ္စည်းတွေ သိမ်းသွားပြီး နောက်တခါ ထမ်းဖမ်းခံရရင် သတ်ပစ်မယ်လို့ပြောပြီး ပြန်လွှတ်လိုက်တော့ ဘယ်သူမှ ပင်လယ်ထဲ ငါးဖမ်းမထွက်ရဲကြတော့ဘူး။ ငါးဖမ်းမထွက်ရဲတာ ၁၀ ရက်ရှိလာပြီ။ စားဝတ်နေရေး တကယ်ကို ကျပ်တည်းနေကြပြီ” လို့ ရမ်းဗြဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧပြီလ ၁၂ ရက်က စစ်သင်္ဘော ၂ စီး ရပ်နားထားပေမယ့် ဧပြီလ ၁၉ ရက်မှာတော့ ၄ စီးအထိ ရပ်နားထားပြီး ရမ်းဗြဲမြို့နယ်ကို ဒရုန်းတွေနဲ့ ကင်းထောက် နေတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်သင်္ဘော ၄ စီးရဲ့ တည်နေရာတွေဟာ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ရွာနဲ့ တောင်ကုတ်မြို့နယ် ကျောင်းချောင်းရွာကြား ပင်လယ်ပြင်မှာ ဖြစ်ပါတယ်လို့ TNISO က အတည်ပြုထားပါတယ်။

Copernicus ဂြိုလ်တုဓါတ်ပုံမှာ ကျောင်းချောင်းရွာအရှေ့မြောက်ဘက်မှာ မီးလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးလုံးကို မြင်တွေ့ရပြီး (အစိမ်းရောင် အဝိုင်းကွက်) ဒီဒေသဟာ ပင်လယ်ကမ်းစပ်ဖြစ်ကာ စိုစွတ်တဲ့ သဘာဝပတ်ဝန်းကျင် ရှိတာကြောင့် တောမီးလောင်တာ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။ အဲဒါကြောင့် မြန်မာစစ်တပ်က ကမ်းစပ်တွေကို ဒရုန်းကနေတဆင့် ဗုံးကြဲမှုတွေကြောင့် မီးလောင်တာ ဖြစ်နိုင်ခြေရှိပါတယ်လို့လည်း TNISO က ဆိုပါတယ်။

Related posts

ရက္ခိုင်အဆိုတော် Rကြီး နဲ့ တွေ့ဆုံခြင်း

Rakhita Times

ဆပ်သွားရွာမှာ လက်နက်ကြီးကျ၍ လင်မယားနှစ်ဦး ဒဏ်ရာရ

Rakhita Times

လူထုအထိနာနေတဲ့အတွက် မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဖြေတစ်ခုထွက်ဖို့လို

Rakhita Times

Leave a Comment