ဒီသီတင်းပတ်အတွင်း နယူးယောက်မြို့မှာ ကမ္ဘာ့ နိုင်ငံတော်တော်များများက သံတမန်တွေဟာ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ကို လေးပတ်ကြာ ပြန်လည်သုံးသပ်ဖို့ စုဝေးကြပါတော့မယ်။ ဒီစာချုပ်က ကမ္ဘာမှာ အကျယ်ပြန့်ဆုံး နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူညီချက်တခုပေါ့။
အခြေအနေက ဒီထက် ပိုစိုးရိမ်စရာတောင် ရှိပါဦးမလားပဲ။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ရုရှား၊ အစ္စရေးနဲ့ အမေရိကန်တို့ဟာ နျူကလီးယားလက်နက် မရှိတဲ့ နိုင်ငံတွေအပေါ် ရန်လိုမုန်းထား ကျူးကျော်စစ်တွေ ဆင်နွှဲနေကြတာကိုး။
ပြီးခဲ့တဲ့နှစ်ကလည်း နျူကလီးယားလက်နက်ရှိတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ နယ်စပ် ပဋိပက္ခဖြစ်ခဲ့ကြလို့ နျူကလီးယားစစ်ပွဲ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့သေးတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာလည်း ရုရှားနဲ့ အမေရိကန်ကြားမှာ နျူကလီးယားလက်နက် ထိန်းချုပ်ဖို့ ကျန်နေသေးတဲ့ နောက်ဆုံးသဘောတူညီချက်ဟာ သက်တမ်းကုန်သွားခဲ့ပြီ။ အစားထိုးဖို့ ဘာမှ မရှိသေးပါဘူး။ ဒီနှစ်နိုင်ငံက ကမ္ဘာ့နျူကလီးယားလက်နက် ၉၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားတာပါ။
နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံ ၉ နိုင်ငံလုံးကလည်း သူတို့ရဲ့ လက်နက်တိုက်တွေကို ပိုပြီးစွမ်းဆောင်ရည်မြင့်ပြီး အန္တရာယ်များတဲ့ လက်နက်တွေ ဖြစ်လာအောင် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး အဆင့်မြှင့်နေကြတယ်။ တပ်ဖြန့်ထားတဲ့ နျူကလီးယားလက်နက်တွေနဲ့ မိနစ်ပိုင်းအတွင်း ပစ်လွှတ်ဖို့ အသင့်ပြင်ထားတဲ့ လက်နက်အရေအတွက်ကလည်း တိုးလာနေလေရဲ့။
ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာကြီး ပျက်သုဉ်းဖို့ ဘယ်လောက်နီးနေပြီလဲဆိုတာကို တိုင်းတာတဲ့ ကမ္ဘာပျက်နာရီ Doomsday Clock ဟာ ၁၉၄၇ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပျက်မယ့်အချိန်နဲ့ အနီးဆုံးကို ရောက်ရှိလာခဲ့ပါပြီ။
■ NPT ဆိုတာ ဘာလဲ
NPT ကို နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဥပဒေရဲ့ အုတ်မြစ်လို့ သတ်မှတ်ကြတယ်။ နိုင်ငံပေါင်း ၁၉၀ ပါဝင်ပြီး ဒါဟာ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေထဲမှာ အဖွဲ့ဝင်အများဆုံးပဲ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ၁၉၆၇ ခုနှစ် မတိုင်ခင်ကတည်းက နျူကလီးယားလက်နက် စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ နျူကလီးယားလက်နက် မရှိကြပါဘူး။
မြောက်ကိုရီးယားကတော့ NPT ထဲဝင်ပြီးမှ ပြန်ထွက်သွားတဲ့ တခုတည်းသော နိုင်ငံပါ။ နျူကလီးယားလက်နက်ရှိတဲ့ အိန္ဒိယ၊ အစ္စရေး၊ ပါကစ္စတန်တို့နဲ့အတူ တောင်ဆူဒန်တို့ဟာ ဒီစာချုပ်ထဲကို လုံးဝမဝင်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
တကယ်တော့ NPT ဆိုတာ ၁၉၆၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံတွေနဲ့ မရှိတဲ့နိုင်ငံတွေကြား လုပ်ခဲ့တဲ့ အပေးအယူတခုပါ။
ဗီတိုအာဏာရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို ရပ်တန့်ပြီး သူတို့ရဲ့လက်နက်တွေကို ဖျက်သိမ်းပါ့မယ်လို့ ကတိပေးခဲ့ကြတယ်။ အလဲအလှယ်အနေနဲ့ နျူကလီးယားလက်နက်မရှိတဲ့ နိုင်ငံတွေကလည်း နျူကလီးယားလက်နက် မလုပ်ပါဘူးလို့ သဘောတူခဲ့ကြတယ်။ အပြန်အလှန်အနေနဲ့ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ဖို့ အကူအညီတွေ ရခဲ့ကြတာပေါ့။
နျူကလီးယားမရှိတဲ့ နိုင်ငံတွေ လက်နက်မလုပ်အောင် စောင့်ကြည့်ဖို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီစာချုပ်မှာ နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံတွေ လက်နက်ဖျက်သိမ်းဖို့အတွက် အချိန်ကာလ၊ လုပ်ငန်းစဉ် ဒါမှမဟုတ် စစ်ဆေးအရေးယူမယ့် နည်းလမ်းတွေကိုတော့ တိတိကျကျ မသတ်မှတ်ထားပါဘူး။
NPT ဟာ ၁၉၇၀ မှာ စတင်အသက်ဝင်ခဲ့ပြီး အစပိုင်းမှာ သက်တမ်း ၂၅ နှစ်ပဲ ထားခဲ့တာပါ။ အဲဒီအချိန်လောက်ဆို နျူကလီးယားလက်နက် ဖျက်သိမ်းရေးက ပြီးလောက်ပြီလို့ မျှော်လင့်ခဲ့ကြလို့ပါ။
ဒါပေမဲ့ ၁၉၉၅ ရောက်တော့ လက်နက်ဖျက်သိမ်းရေးက မပြီးသေးတာ ရှင်းနေပြီဖြစ်လို့ စာချုပ်သက်တမ်းကို အကန့်အသတ်မရှိ တိုးလိုက်ကြပါတယ်။ ဒါကြောင့်ပဲ နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံတွေကို ကတိတည်အောင် ဖိအားပေးနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတော့တယ်။ အဲဒီအချိန်ကစပြီး စာချုပ်အကောင်အထည်ဖော်မှုကို ဆွေးနွေးဖို့ ၅ နှစ်တကြိမ် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတွေ လုပ်လာခဲ့တာပါ။
■ ဘုံသဘောတူညီချက်ရဖို့ ခဲယဉ်းခြင်း
ဒီလိုပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတွေဟာ တင်းမာမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။
ဥပမာ- ၂၀၁၅ တုန်းက ကနေဒါ၊ ဗြိတိန်နဲ့ အမေရိကန်တို့ဟာ အခက်အခဲပေါင်းများစွာနဲ့ ညှိနှိုင်းထားတဲ့ စာသားတွေကို စာချုပ်ဝင်မဟုတ်တဲ့ အစ္စရေးရဲ့ တောင်းဆိုချက်ကြောင့် ပယ်ချခဲ့ကြတယ်။ ၂၀၂၂ မှာလည်း ရုရှားက သူတို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ယူကရိန်းက ဇာပိုရီရှား နျူကလီးယားစွမ်းအင်စက်ရုံအကြောင်း ပါနေလို့ဆိုပြီး နောက်ဆုံးစာမူကို ပယ်ချခဲ့ပါတယ်။
၁၉၉၅ နောက်ပိုင်းမှာ သဘောတူညီချက် ရဖူးတဲ့ အစည်းအဝေးဆိုလို့ နှစ်ခုပဲ ရှိခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ အဖွဲ့ဝင်တွေဟာ နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ လက်တွေ့ကျတဲ့ အဆင့် ၁၃ ဆင့်ကို သဘောတူခဲ့ပေမဲ့ အခုထိ လုံးဝနီးပါး အကောင်အထည်မဖော်ရသေးပါဘူး။ ၂၀၁၀ မှာလည်း အချက် ၆၄ ချက်ပါတဲ့ လုပ်ငန်းစဉ်ကို သဘောတူခဲ့ပေမဲ့ အထူးသဖြင့် လက်နက်ဖျက်သိမ်းရေးနဲ့ဆိုင်တဲ့ အချက် ၂၂ ချက်မှာ အကောင်အထည်ဖော်မှုက အားနည်းနေတုန်းပါပဲ။
ဒါပေမဲ့ NPT ဟာ တခြားနိုင်ငံတွေ နျူကလီးယားလက်နက် မယူဖြစ်အောင် တားဆီးရာမှာတော့ အသင့်အတင့် ထိရောက်မှု ရှိခဲ့ပါတယ်။ ကနေဒါ၊ ဂျာမနီ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ဟာ စာချုပ်ထဲဝင်ပြီးနောက် နျူကလီးယားလက်နက် အစီအစဉ်တွေကို စွန့်လွှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ လက်နက်ဖျက်သိမ်းရေးပိုင်းမှာတော့ စာချုပ်ဟာ လုံးဝကျရှုံးခဲ့ပါတယ်။ ဒီနှစ်အစည်းအဝေးရဲ့ အကြီးအကဲ ဒိုဟောင်ဗီယက် က ဒီနှစ်မှာလည်း သဘောတူညီချက်မရရင် ဖြစ်လာမယ့် အန္တရာယ်ကို အခုလို သတိပေးထားပါတယ်။
“ ဒါဟာ NPT ကို အဆုံးသတ်သွားစေတာမျိုး မဟုတ်နိုင်ပေမဲ့… NPT ကို အနှစ်သာရမရှိအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တယ်။ ကျနော်တို့ NPT ရဲ့ ယုံကြည်စိတ်ချရမှုကိုပါ ဆုံးရှုံးသွားစေနိုင်ပါတယ်။”
■ ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုကြီး နှစ်ခု
အခုလို နိုင်ငံတကာဆက်ဆံရေးတွေ ပျက်ပြားနေချိန်မှာ ဒီနှစ်အစည်းအဝေးအပေါ် မျှော်လင့်ချက်က သိပ်မရှိလှပါဘူး။
နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံတွေဟာ လက်နက်မဖျက်သိမ်းတဲ့အပြင် ပိုပြီးမြန်လာတဲ့ လက်နက်ပြိုင်ဆိုင်မှုမှာ သူတို့ရဲ့ လက်နက်တိုက်တွေကို တိုးချဲ့တာ၊ ခေတ်မီအောင်လုပ်တာနဲ့ သုံးမယ်လို့ ခြိမ်းခြောက်တာတွေပါ လုပ်နေကြတယ်။ ပြီးတော့ လတ်တလောဖြစ်ရပ် နှစ်ခုက ဒီဆွေးနွေးပွဲအပေါ် ပိုပြီး အရိပ်မည်းတွေ မိုးလာနိုင်ပါတယ်။
ပထမတခုကတော့ ရုရှားက ယူကရိန်းမှာရှိတဲ့ နျူကလီးယားအဆောက်အအုံတွေကို အရင်က မရှိဖူးတဲ့ပုံစံနဲ့ လက်နက်သဖွယ် အသုံးပြုနေတာပါ။ ရေဒီယိုသတ္တိကြွပစ္စည်းတွေ အမြောက်အမြားရှိနေတဲ့ နျူကလီးယားစက်ရုံတွေကို ရုရှားတပ်တွေက အခုလို အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ပါတယ်။
– အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးတာ
– လုပ်ငန်းလည်ပတ်မှုကို နှောင့်ယှက်ပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ
– တချို့စက်ရုံတွေကို စစ်အခြေစိုက်စခန်းအဖြစ် သုံးတာ
– စက်ရုံတွေ အေးမြနေဖို့အတွက် အရေးကြီးတဲ့ လျှပ်စစ်နဲ့ ရေပေးဝေမှုကို အန္တရာယ်ဖြစ်စေတာ
ဒီလုပ်ရပ်တွေဟာ ယူကရိန်းနယ်နိမိတ်ကို ကျော်လွန်ပြီး ရေဒီယိုသတ္တိကြွ ဘေးအန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။ ၂၀၂၂ အစည်းအဝေးရဲ့ အဓိက ကျရှုံးမှုတခုကတော့ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ ဘာအစီအမံမှ မချမှတ်နိုင်ခဲ့တာပါပဲ။
ဒုတိယအချက်ကတော့ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေပါ။
အမေရိကန် ထောက်လှမ်းရေးနဲ့ IAEA အကြီးအကဲတို့က မဟုတ်ဘူးလို့ ပြောထားတဲ့ကြားကပဲ သူတို့ဟာ အီရန်ဟာ နျူကလီးယားလက်နက် ရတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ “ အင်အားကြီးတဲ့သူသာ မှန်စမြဲ” ဆိုတဲ့ တိုက်ခိုက်မှုတွေဟာ နျူကလီးယားမရှိတဲ့ နိုင်ငံတွေအတွက် NPT ကို ဆက်လိုက်နာဖို့ လိုသေးလားဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နျူကလီးယားရှိတဲ့ နိုင်ငံတွေက သူတို့စိတ်ကြိုက် တရားမဝင် အင်အားသုံးနေမှတော့ မရှိတဲ့ နိုင်ငံတွေက ဘာလို့ စာချုပ်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို လိုက်နာနေရမှာတဲ့လဲ။
လက်နက်မပြန့်ပွားရေးကို စစ်ပွဲနဲ့ လုပ်လို့ မရပါဘူး။ တကယ်တော့ အီရန်အစိုးရ ဒါမှမဟုတ် တခြားနိုင်ငံ ခေါင်းဆောင်တွေ အတွက်တော့ ဒီစစ်ပွဲကနေ သင်ခန်းစာတခုပဲ ရသွားလိမ့်မယ်။ အဲဒါကတော့ ကျူးကျော်မှုကို တားဆီးဖို့အတွက် နျူကလီးယားလက်နက် ရှိထားတာက အကောင်းဆုံးပဲ ဆိုတာပါပဲ။
တခြားနိုင်ငံတွေလည်း မြောက်ကိုရီးယားလိုမျိုး NPT ကနေထွက်ပြီး လျှို့ဝှက်နျူကလီးယားလက်နက် အစီအစဉ်တွေ လုပ်လာမယ့် အန္တရာယ်က အခုဆို ပိုများလာပါပြီ။
နျူကလီးယားခေတ်ကြီးမှာ လုံခြုံရေးဆိုတာ အားလုံးအတူတူ မျှဝေခံစားရတာမျိုးပဲ ဖြစ်ရပါလိမ့်မယ်။ မဟုတ်ရင် ဘယ်သူမှ မလုံခြုံနိုင်ပါဘူး။ ဘေးကင်းပြီး ရေရှည်တည်တံ့မယ့် အနာဂတ်အတွက် တခုတည်းသော နည်းလမ်းကတော့ နျူကလီးယားလက်နက်တွေကို အပြီးတိုင် ဖျက်သိမ်းဖို့ပါပဲ။ ဒါကို ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးညှိနှိုင်းမှုနဲ့ မျှတတဲ့ စစ်ဆေးမှုတွေပါတဲ့ နိုင်ငံတကာဥပဒေတွေကတဆင့်ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ရဲမွန်လှ
The Conversation ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Tilman Ruff ရဲ့ Only one way to stop accelerating nuclear arms race သဘောထားအမြင် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ မူရင်းဓာတ်ပုံ – CNN

40 comments
References:
Poker bonus no deposit
References:
https://forum.board-of-metal.org/
References:
Live casino http://www.24propertyinspain.com
References:
Tiger online namumeistras.lt
References:
Slot games for fun bookmarks4.men
References:
Vernon downs casino https://doc.adminforge.de/s/yIsjz9CsVp
References:
Blackjack drink topsitenet.com
References:
Hollywood slots bangor maine mensvault.men
References:
Ac casinos https://clipjournal.space/item/aktueller-hitnspin-casino-test-im-mai-2026
References:
William hill casino http://madk-auto.ru/user/secondchina60/
References:
Texas tea slots https://hedgedoc.info.uqam.ca/s/Y9uALi3MmI
References:
The casino instapaper.com
References:
Roulette computer undrtone.com
References:
Black jack online https://liberalwiki.space/wiki/Bestenlisten_Preise_und_Teilnahme
References:
Winstar casino https://pads.zapf.in/s/g99BiXbgDI
References:
Nugget casino https://www.udrpsearch.com
References:
Spin palace mobile https://bilde-roach.mdwrite.net/
References:
Wheeling casino molchanovonews.ru
References:
Instant Casino App
References:
https://socialbookmark.stream/
References:
Bethlehem pa casino https://philosophywiki.space/
References:
Good game sites http://www.annunciogratis.net/author/systemjoseph8
References:
Gala casino poker https://undrtone.com/spadebakery0
References:
Royal river casino https://onlinevetjobs.com/author/rootguide16/
References:
Online roulette play roulette and receive $1500 https://prpack.ru/user/drivestart65/
References:
Emerald queen casino https://earthwiki.space/wiki/Social_Casino_Deutschland_mit_Top_Slots_Boni
References:
Holland casino amsterdam https://carstens-woods-4.federatedjournals.com/legiano-casino-offizielle-website
References:
Belle isle casino rentry.co
References:
All star slots https://md.swk-web.com/
References:
Casino club santa rosa gardenwiki.site
References:
Australian online casinos actualites.cava.tn
References:
Crown casino accommodation https://intensedebate.com
References:
Cool cat casino https://gratisafhalen.be/author/framedancer8/
References:
La casinos https://linkagogo.trade/story.php?title=poker-raum-pokerking-ueberblick-boni-promotionen
References:
Roulette numbers http://kriminal-ohlyad.com.ua
References:
Blackjack promotions login http://www.annunciogratis.net
References:
Encore casino graph.org
References:
Hollywood casino toledo actualites.cava.tn
References:
Casino palm springs https://telegra.ph/Login-App–500-Bonusangebote-06-07
References:
Online betting australia sonnik.nalench.com
References:
Boardwalk casino https://telegra.ph/100-legales-Online-Casino-mit-GGL-Lizenz-06-07
References:
William hill slots https://freudwiki.site