EnvironmentNewsPolitic

ပေါက်တောတွင် မိုးသီးကြွေကျလို့ နေအိမ်တချို့ပျက်စီး

အာရက္ခတိုင်းမ်စ် (၃ မေ ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ် စိုင်းတုပ်ကျွန်းရှိ ပုဏ္ဏားကြီးကျေးရွာတွင် မေလ ၂ ရက် နေ့လည် ၁၂ နာရီခန့်တွင် မိုးသက်လေပြင်းနဲ့အတူ မိုးသီးများကြွေကျခဲ့လို့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တခါမှ မမြင်ဖူးဘူး။ ကျောက်ခဲနဲ့ ထုသလိုပဲ။ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ခေါင်မိုးတွေလည်းပေါက်ကုန်တယ်။ အပင်တွေလည်း ပျက်စီးသွားတယ်” လို့ ပေါက်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုးသက်လေပြင်း တိုက်ခိုက်နိုင်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အထူးသဖြင့် ရက္ခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းရှိ ပြည်သူများ ပိုမိုဂရုစိုက်ကြပါရန် တိုက်တွန်းအပ်ပါတယ်လို့လည်း ဆိုပါတယ်။

“ရေဒါရှိ အဝါရောင်နဲ့ လိမ္မော်ရောင် အစက်အပြောက်များအရ ဒီဒေသများတွင် မိုးသက်လေပြင်းကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းများ ပြင်းထန်နိုင်ပါတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဧပြီလ ၂၉ ရက်ကလည်း ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့ဟာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ပျက်စီးသွားတယ်လို့သိရပါတယ်။

Photo – Ma Nyein

Related posts

စစ်ကောင်စီက နိုင်ငံတကာ ပုဂ္ဂိုလ်တွေပါ ဖိတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်

Rakhita Times

မနှင်းနှင်းဝေအမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများ တောင်းဆို

Rakhita Times

စစ်တွေမှာ ကြံ့ဖွံ့ပါတီနဲ့ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးရွေးဖို့လုပ်နေ

Rakhita Times

175 comments

Leave a Comment