NewsPolitic

ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းအချို့ လေပြင်းတိုက်လို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၃၀ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့ဟာ ဧပြီလ ၂၉ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးထံမှ သိရပါတယ်။

ဧပြီလ ၂၉ ရက် ညနေ ၅ နာရီကျော်တွင် ရွာသွန်းခဲ့တဲ့ မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်နေအိမ် အနည်းဆုံး ၁၀ လုံးခန့် ပျက်စီးခဲ့ပါတယ်။

“မိုးတောင်မရောက်သေးဘူး အခက်အခဲတွေက စလာပြီ။ ရေတအားရှားတော့ မိုးရွာလို့ ပျော်ရမလားမှတ်တယ်။ လေပြင်းပါ ပါလာလို့ အမိုးတွေလန်၊ အကာတွေလွင့်နဲ့ မိုးတွင်းကျလာမှာကို တွေးတောင်မတွေးရဲဘူး” လို့ ပုဏ္ဏားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ပြည်က စစ်ရှောင်ပြည်သူအချို့ဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီတဲအိမ်များ ဆောက်လုပ်ကာ နေထိုင်နေကြပါတယ်။

“အရေးပေါ်လိုအပ်နေတာကတော့ သူတို့တွေ လုံလုံခြုံခြုံနဲ့ နေနိုင်ရေးပေါ့။ အဆောက်အဦးတွေကို ခိုင်ခိုင်မာမာလည်း မဆောက်ပေးရဲဘူး။ စစ်တပ်က အမြဲတမ်းလိုလို လေကြောင်းကနေ တိုက်ခိုက်နေတာဆိုတော့လေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အရေးကူညီလုပ်ကိုင်ပေးနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ပျက်စီးသွားတဲ့ စစ်ရှောင်နေအိမ်တွေကို ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ကူညီပြီး ပြန်လည် ပြုပြင်ပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရှုံ့ချ

Rakhita Times

ရက္ခိုင်တိုက်ပွဲရှောင်များ စားဆီမဝယ်နိုင်တဲ့အတွက် ရေနဲ့ပဲချက်စားနေရ

Rakhita Times

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

Rakhita Times

2 comments

Charlesfroma စက်တင်ဘာ 7, 2026 at 9:23 ညနေ

Лечение на дому подходит пациентам, состояние которых врач оценивает как относительно стабильное. Круглосуточно доступный вызов позволяет получить медицинскую помощь рядом с привычным местом проживания и не откладывать обращение до рабочего дня. Перед приездом бригады специалист по телефону уточняет, сколько лет человеку, как долго продолжается запой, какое количество алкоголя употреблялось, когда была последняя доза и имеются ли хронические заболевания.
Дополнительная информация – narkologiya-vyvod-iz-zapoya

Reply
Davidexant စက်တင်ဘာ 14, 2026 at 2:40 ညနေ

Помощь может включать консультацию, детоксикацию, стационар и дальнейшее сопровождение по показаниям.
Узнать больше – запой нарколог на дом в Воронеже

Reply

Leave a Comment