ညီပုလေး
ရွှေနိုင်ငံဟု တင်စားခေါ်ဝေါ်ကြသော မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည်နှင့်အညီ ပြည်တွင်းစစ်မီး တဟုန်းဟုန်း တောက်လောင်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့လေပြီ။ အာဏာရှင်အစိုးရ အဆက်ဆက်၏ ညှဥ်းပန်းနှိပ်စက်သည့် ဒဏ်များကြောင့် တိုင်းပြည်နိုင်ငံသည်လည်း ဖွံ့ဖြိုးမှုမရှိဘဲ နလန်မထူနိုင်အောင် ချွတ်ခြုံကျနေခဲ့သဖြင့် ပညာတတ်လူငယ်များ ပြည်ပထွက်ခွာ အလုပ်အကိုင် ရှာဖွေရခြင်း၊ ပညာရှင်များ မိခင်မြေကို စွန့်ခွာသွားရခြင်း၊ တတ်သိပညာရှင်များကို ဖမ်းဆီးထောင်ချခြင်း၊ တသွေးတသံတမိန့်ဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံရေးသင်းကွပ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့မျက်နှာစာပေါ်တွင် အရှက်တကွဲ အကျိုးနည်းခဲ့ရသည်။
တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို မျက်ကွယ်ပြုကာ တိုင်းရင်းသားဒေသများမှထွက်သော သဘာဝယံဇာတများကို ရသမျှ ဂုတ်သွေးစုပ် ခြယ်လှယ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချပြီး နောက်ဆုံးပေါ် လူသတ်လက်နက်များ ဝယ်ယူကာ ကျောသားရင်သား မခွဲခြားဘဲ မိမိတို့ စစ်အာဏာတည်မြဲရေးတွင် အနှောင့်အယှက်ပြုသူများကို သုတ်သင် သတ်ဖြတ်ခြင်းများ ပြုလုပ်လာသည်မှာ နိုင်ငံသားများ၏ မျိုးချစ်စိတ်၊ အနာဂတ် မျှော်လင့်စိတ်များကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်လာ၏။ ၂၁ ရာစု၏ နည်းပညာ စိန်ခေါ်မှု၊ ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းလိုမှု၊ အသိပညာဥာဏ်များ ပွင့်လင်းလာမှုတို့သည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရန် တွန်းအားတခု ဖြစ်လာခဲ့လေပြီ။ ထို့ကြောင့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနိုင်ငံလုံးပြောင်းလဲရေးအတွက် ပြည်သူတရပ်လုံး ယုံကြည် ကိုးစားခဲ့ကြသည်။ အနိုင်ရခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို အကြောင်းပြ ကြိုးကိုင်ခြယ်လှယ်ကာ လုပ်ပိုင်ခွင့်များ ဆုံးရှုံးနစ်နာခဲ့ရသည်။ ထို့ကြောင့်လည်း လူသတ်မှု အနိဋ္ဌာရုံများ၊ အိုးပစ်အိမ်ပစ် စွန့်ခွာမှုများ ပျက်စီးထိခိုက် ဆုံးရှုံးမှုများတို့ကြောင့် လူထု၏စိတ်တွင် မခံမရပ်နိုင်အောင် လူထုယုံကြည်မျှော်လင့်ချက်များ၊ ဝိရောဓိ သွင်ပြင်လက္ခဏာများတို့ကြောင့် လူငယ်များနှင့် နိုင်ငံရေးသိက္ခာတို့သည် တံခါးပိတ်ဝါဒအောက် ကျပျောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးခါစ ကာလများသို့ ပြန်ရောက်သွားသည့်နှယ် အလံဖြူ၊ အလံနီ၊ ဟိုဝါဒ သည်ဝါဒ အမျိုးမျိုး ကွဲလွဲလာကာ လက်ရှိအာဏာသိမ်း စစ်အာဏာရှင်ကို နိုင်ငံရေးသည်လည်း မုန့်လုံးစက္ကူကပ် ဖြစ်ရပြန်သည်။ နိုင်ငံရေး (ကျဥ်း/ဟောင်း)၊ ပညာတတ် လူငယ်များ၊ ဆရာဝန်များ၊ အနုပညာရှင်များ၊ တတ်သိပညာရှင်များနှင့် ပြည်သူများ CDM လုပ်ကြသည်။ တောခိုကြသည်။ လက်နက်ကိုင် တော်လှန်ရန် စုရုံးကြသည်။ မဟာမိတ်များ ရှာဖွေကြသည်။ ထိုအခါ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်လာခဲ့ကြသော တိုင်းရင်းသားတို့၏ ရင်တွင်းနာကျည်းချက်များကို သဘောပေါက်လာကြသည်။ အစွန်းရောက်၊ အကြမ်းဖက်သမားဟု စစ်လော်ဘီများ၏ အာဘော်များကို သိလာကြသည်။ တိုင်းရင်းသားတွေ၏ ပူလောင်နာကျည်းချက်ကို ကိုယ်ချင်းစာ တတ်လာသည်။ ပြည်ထောင်စု မပြိုကွဲရေးပြောပြီး ပြည်ထောင်စုကို ဖြိုခွဲနေတာ ပြည်သူလား၊ စစ်အာဏာရှင်လား။ ခုတော့ ကွဲပြားခဲ့ပြီမလား။ လက်သီးဆုပ်မလား၊ လက်ဝါးဖြန့်မလား။ နိုင်ငံရေးမှာ ဘယ်သူ ဘယ်ဝါကပဲ အုပ်ချုပ်သင့်တယ်၊ ဘယ်သူကတော့ဖြင့် မအုပ်ချုပ်သင့်ဘူးဆိုတာ အဓိကမေးခွန်း မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေး၏ အဓိကမေးခွန်းက ညံ့ဖျင်းတဲ့ အုပ်ချုပ်သူကို သွေးထွက်သံယိုမဖြစ်ဘဲ ဘယ်လို ဖယ်ရှားကြမလဲ ဆိုတဲ့ မေးခွန်းပါပဲတဲ့။ သည်နေရာတွင် ကျနော်တို့ စဥ်းစားစရာ လိုလာခဲ့လေပြီ။ နိုင်ငံသား အခွင့်အရေးတခုမှ မရခဲ့ပေ။ နိုင်ငံသားတို့၏ ဖြစ်တည်မှုကို ထည့်သွင်းစဥ်းစားခြင်းမရှိခဲ့ဘဲ အလုံပိတ်ဝါဒဖြင့် အုပ်ချုပ်ခဲ့ကြသည်။
* နိုင်ငံသားဆိုတာ ဘာလဲ
နိုင်ငံသားဆိုသည်မှာ နိုင်ငံတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သူ ဖြစ်သည်။ ဥပဒေတွေကို မူလရေးဆွဲခွင့် ရှိသူလည်း ဖြစ်သည်။ နိုင်ငံတော်ကို ပိုင်ဆိုင်သူ ဖြစ်သည်။ နိုင်ငံသားတွေသည် အချုပ်အခြာအာဏာ သုံးရပ်ကို မဏ္ဍိုင်သုံးရပ်ဆီမှာ အသီးသီး အပ်နှင်းခွင့် ရှိကြသည်မို့ ထိုနိုင်ငံသားတွေကို မဏ္ဍိုင်ချုပ်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ အာဏာရှင်တွေ ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည့်ဟာများသည် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် မဟုတ်ဘဲ အာဏာရှင်တွေ ဆက်လက် ရပ်တည်ရေးအတွက်သာ ဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ် အသက်လုံခြုံရေးအတွက် မည်သည့်အခါကမှ ထည့်သွင်းစဥ်းစား ရေးဆွဲခဲ့ဖူးသည် မရှိ။ ပြည်သူ့လူမှုဘဝ ဖူလုံရေးကိုလည်း ထည့်သွင်း စဥ်းစားဖူးခြင်း မရှိသည့် စစ်အုပ်စု လက်အောက်က လွတ်မြောက်အောင် မည်သို့ ပြုမူကြမည်နည်း။
မှန်ကန်ရာကို ရဲဝံ့စွာ ရပ်တည်ခြင်း –
ယနေ့သည် နာဇီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည့် ဂျာမနီနိုင်ငံ၏ နှင်းဆီဖြူ (white rose) တော်လှန်ရေးလှုပ်ရှားကို အဓိက ဦးဆောင်ခဲ့သည့် Hans နှင့် Sophie Scholl မောင်နှမ နှစ်ဦးကို ပြန်လည် အောက်မေ့ သတိရရမည့်နေ့ ဖြစ်ပါသည်။ နှုတ်ဆိတ်နေခြင်းသည် အန္တရယ် အကင်းဆုံးဖြစ်သည့် အချိန်ကာလတခုတွင် ဤတက္ကသိုလ် ကျောင်းသားလူငယ် နှစ်ဦးမှာမူ ရဲဝံ့စွာ အသံထွက်ရန် ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့သည် မြူးနစ်တက္ကသိုလ်ရှိ သူငယ်ချင်းများနှင့်အတူ နာဇီအစိုးရ ပြုတ်ကျရေး၊ လွတ်လပ်မှုနှင့် တရားမျှတမှု ပြန်လည်ထွန်းကားရေးတို့အတွက် လက်ကမ်းစာစောင်များကို ဖြန့်ဝေရင်း မိမိတို့၏ အသက်ကို စတေးကာ စွန့်စားခဲ့ကြသည်။
၎င်းတို့၏ ဖြစ်ရပ်က ဘာကြောင့် အရေးပါသလဲ။
ခိုင်မာသော ယုံကြည်ချက် ရှိသည်။ ၎င်းတို့သည် သဘောထားချင်း မတိုက်ဆိုင်မှုကို စိတ်ထဲတွင်သာ ထားရှိခဲ့ကြသူများ မဟုတ်ဘဲ မိမိတို့၏ အမှားအမှန်ခွဲခြားသိမြင်စိတ် (Conscience) အတိုင်း လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြသည်။ ရဲစွမ်းသတ္တိအရာတွင်လည်း ပြတ်သားကြသည်။အလွန်အမင်း အန္တရာယ်များကြောင်း သိလျက်နှင့်ပင် Sophie က “ကျမတို့ကြောင့် လူထောင်ပေါင်းများစွာ နိုးကြားလာပြီး လက်တွေ့ လှုပ်ရှားလာကြမယ်ဆိုရင် ကျမရဲ့ သေဆုံးခြင်းက ဘာအရေးလဲဟု ကျော်ကြားသော စကားကို ဆိုခဲ့သည်။
သမိုင်းအမွေအနှစ်အဖြစ် ထင်ကျန်ရစ်သည်မှာ ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ၎င်းတို့ နှစ်ဦးသည် “နိုင်ငံတော်သစ္စာဖောက်မှု” ဖြင့် ကွပ်မျက်ခြင်း ခံခဲ့ရသည်။ မည်မျှ ကြေကွဲဖွယ် ကောင်းပါသနည်း။ သို့ပါသောကြောင့် တရားမမျှတမှုများ ရှိနေဆဲဖြစ်သည့် ယနေ့ကမ္ဘာကြီးတွင် Scholl မောင်နှမနှစ်ဦးက ကျနော်တို့ မြန်မာနိုင်ငံသားများကို လှုံ့ဆော်ခဲ့သည်လား၊ ကြိုတင်နိမိတ် ဖတ်ခဲ့လေသည်လား။ စဥ်းစားစရာပင်။ စစ်အာဏာရှင်စနစ်အောက် ပညာရေး၊နိုင်ငံရေး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးများသည် (ပြည်သူ) များ မျှော်လင့်သလို ဖြစ်မလာသကဲ့သို့ အနုသုခုမ ပညာရပ်များသည်လည်း တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်မှာ ရင်လေးစရာ ကောင်းနေပါသည်။ အနုသုခုမ ပညာသာလျှင် ပျောက်ကွယ်ပါက နိုင်ငံအတွက်၊ မျိုးဆက်သစ်များအတွက် မတွေးရဲစရာပင်။
ဒီမိုကရေစီဆိုသည်မှာ လူ့အဖွဲ့အစည်း တည်ငြိမ်မှုအတွက် စိတ်ရှည်ရှည်နဲ့ အင်စတီကျူးရှင်းတွေ တည်ဆောက်ယူရသည့် အရာအဖြစ် နားလည်ထားရန် လိုပါသည်။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်က အပြောင်းအလဲအတွက် လူ့အဖွဲ့အစည်း ပြိုကျမသွားအောင် မည်သို့ တည်ဆောက် ယူကြမည်ဆိုသည်ကို စဥ်းစားရန်လိုပါသည်။ ကမ္ဘာ့စစ်ပွဲများနှင့် မြန်မာ့နိုင်ငံရေးသည် အချိုးကျလျက် ရှိသည်ကို သတိပြုရန် လိုပါသည်။ ဒီအခြေအနေကို လိမ္မာပါးနပ်စွာ အသုံးချပြီး စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ် တိုက်ထုတ်ချေမှုန်းကာ နောင်မျိုးဆက်သစ်တို့ အနာဂတ်လှပအောင် ကောင်းမွန်သည့် ခေါင်းဆောင်ကောင်းကို တင်မြှောက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံသစ်မှာ စိတ်သစ်လူသစ်နဲ့ ဘဝပေါင်းများစွာ ကံကောင်းနိုင်ကြပါစေ။

4 comments
Помощь оказывают врачи с практикой в наркологии, психиатрии и восстановительной терапии.
Получить больше информации – https://1.narkologicheskaya-klinika-v-krasnoyarske17.ru/
Вывод из запоя на дому подходит пациентам, у которых врач не выявляет признаков тяжелого осложнения. Такой формат позволяет провести лечение в привычной обстановке, не доставляя ослабленного человека самостоятельно в клинику. Нарколог приезжает по указанному адресу, оценивает состояние пациента и определяет, какие процедуры могут безопасно выполняться на дому.
Получить больше информации – вывод из запоя клиника в Красноярске
Наркологическая помощь может понадобиться как при недавно возникшей зависимости, так и при алкоголизме, который длится много лет. Врач уточняет стаж заболевания, частоту запоя, периоды трезвости и результаты прежнего лечения. Если зависимость существует 5 лет, 10 лет или более длительный срок, это влияет на выбор терапии и дальнейший план.
Изучить вопрос подробнее – http://8.narcolog-na-dom-voronezh0.ru
Медикаментозная терапия направлена на снятие симптомов абстиненции, нормализацию функций органов и систем, а также коррекцию психоэмоционального состояния пациента. Используются препараты, способствующие детоксикации, стабилизации работы нервной системы и улучшению общего самочувствия.
Получить больше информации – наркологическая помощь на дому круглосуточно пермь