BusinessNewsPolitic

ရက္ခိုင်ပြည် အဝင်အထွက် ဂိတ်တွေကို စကမ ထိန်းချုပ်ရန်ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (‌၁၇ မေ ၂၀၂၆)

ရက္ခိုင်ပြည်ကို ကုန်စည်စီးဆင်းနေတဲ့ နယ်စပ်ဂိတ်တွေကို စစ်ကော်မရှင်က ထိန်းချုပ်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ ပထမဆုံး လိုင်းပေါ်ပြန့်လာတဲ့ မင်းတုန်းက ပြောင်းရွာကို ဗုံးအရင်ကြဲတယ်။ ရက္ခိုင်ကုန်သည်တွေ တော်တော်လေး သေသွားကြတယ်။ အခုလည်း နောက်ထပ် ဝင်ပေါက်ဖြစ်တဲ့ ကံကြီးကို အထိုင်ဂိတ်ချထားတယ်။ အင်အား ၂၀၀ ကျော်တယ်။ ပြီးတော့ ညောင်ကျိုး၊ ပုသိမ်ဖက်တွေမှာလည်း ထိုးစစ်တွေလုပ်နေတော့ သူတို့ (စစ်ကော်မရှင်) က ရက္ခိုင်ဝင်နိုင်တဲ့ နေရာတွေအားလုံးကို ထိန်းချုပ်ချင်နေပုံ ရတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ မင်းတုန်းမြို့နယ် ပြောင်းရွာကို စစ်ကော်မရှင်က မတ်လ ၁ ရက် နေ့လည် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ဧပြီလ နောက်ဆုံးအပတ်ကလည်း စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက်ထွက်ပေါက် ၁ ခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် အခိုင်အမာ ခံစစ်စခန်း တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ စကမက တော်လှန်ရေးတပ်တွေဆီက နယ်မြေတွေ ပြန်သိမ်းနိုင်တာရှိပေမယ့် AA ဆီက သူ ဘာမှ ပြန်မရဘူး။ မရတဲ့အပြင် ပေးပဲ ပေးနေရတော့ ရက္ခိုင်ကို ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ဝင်လို့မရအောင် ရက္ခိုင်နဲ့ ထိစပ်နေတဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို မျက်စိကျလာတာ နေမယ်။ ရက္ခိုင်နဲ့ ထိစပ်နေရာတွေကို ပြန်ပြီး ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေ ဆက်တိုက် လုပ်ဆောင်လာနေတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ဟာ ရက္ခိုင်အစပ်နေရာတွေဖြစ်တဲ့ ညောင်ကျိုး၊ ငဖဲ၊ လေးမျက်နှာ၊ ငသိုင်းချောင်း နဲ့ ကွင်းကောက်မြို့နယ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

Related posts

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

Rakhita Times

“ဝ” က နိုင်ငံတော်ကနေ ခွဲထွက်ဖို့၊ သီးခြား လွတ်လပ်ရေး ကြေညာဖို့ မရှိ

Rakhita Times

ရက္ခိုင်တွင် ကျောင်းပညာရေးအတွက် စပါးပေးပြီး သင်ယူနေမှုရှိ

Rakhita Times

Leave a Comment