နီရီရီ
မကြာသေးမီ ဧပြီ (၂၀) ရက်နေ့က ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်တပ်မတော် (CPU/CPA) ထံမှ စိတ်ဝင်စားဖွယ်ရာ ထုတ်ပြန်ချက်တစောင် ထွက်ပေါ်လာခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲတွင် CPU/CPA နှင့် အာရက္ခတပ်တော် ထိပ်ပိုင်းခေါင်းဆောင်များအကြား ရက်သတ္တနှစ်ပတ်ခန့် ကြာမြင့်သော တွေ့ဆုံဆွေးနွေးမှုတခုကို အာရက္ခပြည်တွင်း တနေရာ၌ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထားသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ခေါင်းဆောင်များသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဆို၏။
သမရိုးကျ ကြည့်မည်ဆိုပါက ထိုထုတ်ပြန်ချက်မှာ သာမန်မျှလောက်သာဟု တွေးစရာရှိသော်လည်း နိုင်ငံရေး သဘောသဘာဝအရဆိုလျှင် ချိန်သားကိုက်ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်တခုဟု ဆိုနိုင်သည်။ ထိုထုတ်ပြန်ချက် ထုတ်ပြန်လိုက်ချိန်သည် ဖလန်းမြို့ကို ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်နှင့် ချင်းညီနောင်တပ်ဖွဲ့ (CB) တို့ တိုက်ပွဲပြင်းထန်နေကြချိန်ပင် ဖြစ်သည်။ ချင်းညီနောင်တပ်ဖွဲ့ (CB) သည် ဖလန်းမြို့ကို စစ်ကောင်စီလက်ထဲမှ ၂၀၂၅ ခုနှစ်၊ ဧပြီ (၇) နေ့တွင် သိမ်းပိုက်ခဲ့ပြီး ချင်းပြည်တောင်ပိုင်း၏ ဝင်ပေါက်၊ ထွက်ပေါက် (သို့မဟုတ်) အာရက္ခပြည်သို့ ဆက်သွယ်ရာ စစ်ရေးနှင့် ကုန်သွယ်ရေး မဟာဗျူ ဟာလမ်းကြောင်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် တနှစ်ခန့်အကြာ လက်ရှိအချိန်တွင်တော့ ဖလန်းမြို့ကို အာဏာသိမ်းစစ်တပ်မှ တဖန် ပြန်လည်တိုက်ခိုက်သိမ်းပိုက်သွားနိုင်ခဲ့ပြီပင် ဖြစ်သည်။ ဖလန်းမြို့ကို အာဏာသိမ်းစစ်တပ်မှ တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းသည် ချင်းပြည်ကိုသာမကဘဲ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ပလက်ဝနှင့် အာရက္ခဒေသတခုလုံး၏ စစ်ရေး၊ နိုင်ငံရေးတို့ကိုပါ သွယ်ဝှိုက်၍ ခြိမ်းခြောက်လာနေသည့် အကြောင်းတရားပင် ဖြစ်သည်။ ထိုအခြေအနေများသည် ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်တပ်မတော် (CPU/CPA) နှင့် အာရက္ခတပ်တော်တို့ တွေ့ဆုံဆွေးနွေးရန် ဖြစ်လာစေသည့် အ ကြောင်းတရားများဟု သုံးသပ်ဖွယ်ရာ ရှိသည်။ ရက္ခိုင့်တဘောင်အရ ကြည့်မည်ဆိုပါက ချင်းနှင့် ရက္ခိုင် စားပွဲထိုင်ရန် အချိန်ကျရောက်လာခဲ့ပြီ သို့မဟုတ် ၉၉ လတ္တံ့ နိုးထလာခဲ့ပြီဟု ဆိုရပေလိမ့်မည်။
နိုးထလာသော ၉၉ လတ္တံ့၏ အမှန်တရားများ
“၉၉ လတ္တံ့” ဆိုသည်မှာ မြောက်ဦးခေတ်ဘုရင် နရပတိကြီး (လေးမြို့စား ငကုသလ) လက်ထက်တာ်တွင် သိုက်တက် ငလက်ရုံး စီရင်ဟောပြောခဲ့သည့် ရှေးဖြစ်ဟော အတိတ်နိမိတ် (သို့မဟုတ်) တဘောင်တခုပင် ဖြစ်သည်။ ထိုတဘောင်ထဲတွင် ရက္ခိုင်ပြည်တွင်း၌ နောင်ဖြစ်လာလတ္တံ့သော အချက်အလက်ပေါင်း (၉၉) ချက် ပါဝင်သဖြင့် ၉၉ လတ္တံ့ဟု အမည်တွင်သည်။ ထို ၉၉ လတ္တံ့တွင် ဘုရင်မင်းမြတ်တို့ စောင့်ထိန်းအပ်သော မင်းကျင့်တရားများကို ပြဆိုထားသကဲ့သို့ ထိုမင်းကျင့်တရားများကို မစောင့်ထိန်းဘဲ အကျင့်လော်လီ ပျက်ပြားပါက ကြုံတွေ့ရမည့် တိုင်းပြည်၏ အခြေအနေ ခပ်သိမ်းတို့ကိုလည်း ဖော်ပြထား၏။ ထို ၉၉ လတ္တံ့ ရှေးဖြစ်ဟောထဲမှ အချက်အလက် အများစုသည် ခေတ်အဆက်ဆက်တွင် မှန်ကန်လာခဲ့ကြောင်းကို အံ့သြဖွယ် တွေ့ရှိရသည်။
၉၉ လတ္တံ့၏ အချက် (၃၆) ထဲတွင် အင်္ကျီမဟုတ်၊ ကုလားချုပ်လည်း ဝတ်လတ္တံ့၊ (၃၇) တွင် သင်္ဘောမဟုတ်၊ တရကုပ်နှင့် စီးသူများစွာ ပွားလတ္တံ့ (၃၈) တွင် ယောက်ျားမပီ၊ လူဗလီလည်း များလတ္တံ့၊ စသော အချက်များမှာ ပြောင်းလဲလာသည့် ခေတ်စနစ်များအရ မှန်ကန်လာခဲ့သည်ကို တွေ့ရှိရသည်။ ထို့အပြင် အချက် (၄၁) တွင် အပျိုကညာ ရတနာတို့ အသရေမလုံ ရူပါရုံနှင့် သားမြတ်ပေါ်အောင် ပြလတ္တံ့၊ အချက် (၅၄) တွင် ဘုန်းကြီးယောင်ယောင်၊ ကျောင်းတဆောင်နှင့် မင်းခေါင်ဆရာလည်း များလတ္တံ့ စသဖြင့် နိမိတ် ဖတ်ခဲ့သည်မှာလည်း ခေတ်စနစ်အရ မှန်ကန်လာသည့် ဟောပြောချက်များပင် ဖြစ်၏။ မကြာသောရှေ့တွင် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ၉၉ လတ္တံ့၏ အချက်(၂၀) မြောက်တွင် ရက္ခိုင်ဂတုံး၊ ဗမာသုဉ်းလည်း ဖြစ်လတ္တံ့၊ (၂၁) တွင် ရက္ခိုင်ဂတုံး ပြည်ရွာသုဉ်းလည်း ဖြစ်လတ္တံ့၊ အချက် (၇၄) တွင် ငပြီဗဒုံး (ငါးပြည်မအမြှီးပိုင်း) မြို့ကိုဖုံး၊ စစ်တွေမြို့ကြီး ပျက်လတ္တံ့ စသော အချက်များမှာ စိတ်ဝင်စားဖွယ်ကောင်းသော အချက်များပင် ဖြစ်သည်။
၉၉ လတ္တံ့ထဲတွင် အထူးခြားခြားဆုံး အချက်အဖြစ် အမှတ်စဉ် (၂၂) ထဲတွင် “ချင်းနှင့် ရက္ခိုင် စားပွဲထိုင် ဗမာအောက်သား ပြေးလတ္တံ့” ဆိုသော အချက်ကို တွေ့ရ၏။ ထိုအချက်၏ နောက်ဆက်တွဲ ဆက်စပ်ရာအဖြစ် လက်ရှိ အာရက္ခပြည် အခင်းအကျင်းနှင့် အနီးစပ်ဆုံး ကိုက်ညီနေသော အချက်များကို ထပ်မံ တွေ့ရှိရသေး၏။ အချက် (၉၄) တွင် အလယ်တရိုး ရက္ခိုင်ပြည်မှာ ရွှေထီးမိုး ဂုဏ်တချို့လည်း တက်လတ္တံ့၊ အချက် (၉၅) တွင် ရွှေငွေအသပြာ စုထားတာလည်း အိမ်တိုင်ယာရောက် ပွားလတ္တံ့၊ အချက် (၉၆) တွင် ရက္ခတိုင်းပြည် ချဲ့ထွင်လေ လူတွင်အထွတ် မြတ်မဟာကို ထိုခါတရုတ် ပို့လတ္ တံ့ဆိုသော အချက်များနှင့် အချက် (၉၉) တွင် ဟောကိန်းထုတ်ထားသည့် “တရုတ်၊ ကုလား အချိန်စေ့သော် ရက္ခိုင်ဘုရင် စင်္ကြာမင်းကို မေစန္ဒီဟု သမီးကညာတပါး ဆက်လတ္တံ့” စသော အချက်ပင် ဖြစ်ပေသည်။
ချင်းနှင့် ရက္ခိုင်စားပွဲထိုင်
“ချင်းနှင့် ရက္ခိုင် စားပွဲထိုင်၊ ဗမာအောက်သား ပြေးလတ္တံ့” ဆိုသော ၉၉ လတ္တံ့သည် ရက္ခိုင်ပညာရှိတို့၏ ရှေ့ဖြစ်ဟော တဘောင်တခုပင် ဖြစ်သော်လည်း လက်ရှိ နိုင်ငံရေး အခင်းအကျင်းများနှင့် တိုက်ရိုက် အချိုးကျနေသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် အာရက္ခပြည်၏ ပထဝီနိုင်ငံရေးနှင့် စစ်ရေးမဟာဗျူဟာကို အတိအလင်း ပြဆိုထားသည့် တဘောင်တခုဟုလည်း ဆိုရမည်ပင် ဖြစ်သည်။ ထိုတဘောင်ကို ရက္ခိုင်ပညာရှိများက ရာစုနှစ်ပေါင်းများစွာကတည်းက ကြိုတင်၍ တွက်ဆ ဟောကိန်းထုတ်ထားခဲ့ကြသည်မှာလည်း အံ့ဖွယ်အတိပင် ဖြစ်သည်။
အာရက္ခပြည်၏ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် တောင်စဉ်တောင်တန်းဒေသများကို အခြေပြုခဲ့ရသည်မှာ သမိုင်းခေတ်အဆက်ဆက်ပင် ဖြစ်၏။ ရှေးခေတ် ရက္ခိုင်ဘုရင့်နိုင်ငံတော်သည် ဘင်္ဂလားဒေ့ရှ်ကို အနောက်ဘင်္ဂါ (၁၂) နယ်အဖြစ် အစဉ်အဆက် ပိုင်ဆိုင်လာခဲ့ကြရုံမျှသာမကဘဲ လက်ရှိ ရက္ခိုင်အဝိုက်အဝန်းနှင့် ထိစပ်နေသည့် တောင်စဉ်တောင်တန်းများကို သက်ထောင်၊ မြိုထောင်၊ ဖလံထောင်၊ ဘိုမင်းထောင် စသော လက်အောက်ခံ ထောင်စုနယ်များကိုပင် ဖွဲ့ စည်းထားခဲ့ကြသည်။ ထောင်စုနယ်များသည် ရက္ခိုင်မျိုးနွယ်စုများ နေထိုင်သည့် နယ်မြေများဖြစ်ပြီး ထိုနယ်များမှ ရက္ခိုင်ဘုရင့်တပ်တော်အတွက် စစ်သည် တထောင်စီ အမှုထမ်းကြရသည်။
ရက္ခိုင်ဘုရင့်နိုင်ငံတော်ကို ဗမာဗဒုံမင်း သိမ်းပိုက်ပြီးသော နောက်ပိုင်း ဗမာဘုရင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သမျှ ရက္ခိုင့်တော်လှန်ရေး သူပုန်ထမှုများသည် အနောက်ဘင်္ဂနယ်များတွင် အကြိမ်ကြိမ် အခြေတည်ခဲ့ရသည်။ ဗမာဘုရင်၏ အင်အားသာလွန်သော စစ်တပ်ကို ရင်ဆိုင် တိုက်ခိုက်ရန် မဖြစ်နိုင်သောအခြေအနေတိုင်း၌ ရက္ခိုင့်တော်လှန်ရေး ခေါင်းဆောင်များသည် အနောက်ဘက်နယ်သို့ တိမ်းရှောင်ခဲ့ကြရသည်သာ ဖြစ်၏။ သမိုင်းထဲမှ ရက္ခိုင့်တော်လှန်ရေးထဲတွင် အအောင်မြင်ဆုံး ဖြစ်ခဲ့သော ဗိုလ်ချင်းပျံသည်လည်း အနောက်ဘက်နယ်တွင် သူ၏ တော်လှန်ရေးအင်အားကို စုစည်း တည်ထောင်ခဲ့ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တော်လှန်ပုန်ကန်ခဲ့သမျှ ရက္ခိုင့်လက်နက်ကိုင်တို့၏ အဓိက အခြေတည်ခဲ့ရသည့် နယ်မြေများသည်လည်း အိန္ဒိယ၊ ဘင်္ဂလား၊ ချင်းပြည်နှင့် ရက္ခိုင်ပြည် နယ်စပ် တောင်စဉ်တောင်တန်းများပင် ဖြစ်သည်။
အာရက္ခတပ်တော် (AA) ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါက်တာညိုထွန်းအောင်ကဲ့သို့သော အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်များသည် အားကောင်းပြီး မဟာဗျူဟာမြာက်သော အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးတရပ်ကို ဆင်နွှဲနိုင်ရန်အတွက် မအောင်မြင်ခဲ့သော သမိုင်းထဲမှ တော်လှန်သူပုန်ထမှုများကို လေ့လာထားခဲ့ကြရုံမျှမကဘဲ အာရက္ခပြည် ပထဝီအနေအထား၏ အားနည်းချက်၊ အားသာချက်တို့ကိုပါ စနစ်တကျ လေ့လာထားခဲ့ကြလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ ထို့ကြောင့်ပင် အာရက္ခတပ်တော်၏ ကချင်မှ ရက္ခိုင်သို့ မိုင်ထောင်ချီ ပြည်တော်ဝင်ခရီးကြမ်းသည် ပလက်ဝအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တောင်စဉ်တောင်တန်းများပေါ်မှ နိဒါန်းပျိုးလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများကိုပြန်ကြည့်ပါက အာရက္ခတပ်တော် (AA) သည် ကျောက်တော်၊ ပလက်ဝ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်လမ်းကြောင်းများနှင့် ချင်းပြည်တောင်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းတို့ကို ပထမဦးဆုံး ဖွင့်လှစ်ထားခဲ့သည်ကို တွေ့ရှိနိုင်သည်။ ထိုလမ်းကြောင်းများကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးကို အောင်ပွဲအလီလီ ရရှိစေခဲ့သည်။
အာရက္ခတပ်တော် (AA) သည် အာရက္ခပြည်သူ့တော်လှန်ရေးတွင် မဟာမိတ်တို့၏ အရေးပါမှုကို အလွန်တရာ အလေးထားခဲ့သည်ကို တွေ့ရှိရသည်။ မဟာမိတ်အင်အားသည် တပ်တော်၏ အင်အားတရပ်ဖြစ်ကြောင်းကို တပ်မှူးချုပ်၏ အင်တာဗျူးထဲတွင် တွေ့ရှိရ၏။ ထို့ကြောင့်ပင် ရက္ခိုင်နှင့် အလှမ်းဝေးလှသည့် ရှမ်းမြောက်ဒေသတွင် အခြေစိုက်သော TNLA နှင့် MNDAA တို့ကို မဟာမိတ် ဖွဲ့ခဲ့သည်။ ထို့အပြင် AA သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ရှိနေပြီး နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော GZ အဖွဲ့များနှင့်လည်း မဟာမိတ် ဖွဲ့ထားသေးသည်။
AA သည် အာရက္ခပြည်သူ့လွတ်မြောက်ရေးတွင် အိမ်နီးချင်းဖြစ်သော ချင်းလူမျိုးတို့၏ အရေးပါမှုကို အထူး သတိထားခဲ့ပုံ ပေါ်သည်။ ပြောင်းလဲမရသော ပထဝီအနေအထားအရ ရက္ခိုင်နှင့် ချင်းလူမျိုးတို့သည် ရှေးခေတ် ထောင်ပေါင်းများစွာကတည်းက အတူယှဉ်တွဲ နေထိုင်လာခဲ့ကြသူများပင် ဖြစ်သည်။ မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သော ချင်းလူငယ် တက်ကြွလှုပ်ရှားသူများကို အာရက္ခတပ်တော်မှ အခြေခံစစ်ပညာသင်ကြားပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ချင်းညီနောင်အဖွဲ့ (Chin Brotherhood-CB) ကို ဖြစ်ပေါ်လာစေခဲ့သည်။ ထိုချင်းညီနောင်အဖွဲ့များထဲမှပင် ချင်းပြည်တောင်ပိုင်း မြို့နယ်များကို ကိုယ်စားပြုသည့် မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နှင့် ဒိုင် (Daai) တပ်ဖွဲ့များကို စုဖွဲ့ကာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ကို ထပ်မံ ဖွဲ့စည်းခဲ့ကြသည်။ လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်နှင့် ရွေးတုအစိုးရတို့သည် ချင်းပြည်တောင်ပိုင်းမှတဆင့် ရက္ခိုင်သို့ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် ဆောမြို့ နယ်လမ်းကြောင်းကို ပိတ်ဆို့ ဖြတ်တောက်ထားသည်ဖြစ်ရာ ဆင်ကောင်ကြီး အမြှီးကျမှ မတစ်ရစေရန်အတွက် ချင်းနှင့် ရက္ခိုင် စားပွဲထိုင်ရန် အကြောင်းတရား ဖန်တီးလာခဲ့ပြီ ဖြစ်၏။
၁၇၈၄ မတိုင်မီ အခြေအနေကို ပြန်လည်ရယူနိုင်ရေး
၁၇၈၄ ခုနှစ် မတိုင်းမီ ရက္ခိုင်တို့၏ အခြေအနေသည် အချုပ်အခြာ အာဏာပိုင်ဆိုင်သော အခြေအနေပင် ဖြစ်သည်။ ၁၇၈၄/၈၅ တွင် အမရပူရ ဘိုးတော်ဗဒုံမင်း၏ ကျူးကျော်သိမ်းပိုက်မှုနှင့် ကြုံရပြီး အချုပ်အခြာအာဏာ ကျရှုံးသွားခဲ့ရသော်လည်း ထောင်စုနှစ်ပါင်းများစွာ အချုပ်အခြာ အာဏာပိုင် လူမျိုးကြီးတမျိုးအဖြစ် ရပ်တည်လာခဲ့ကြသော ရက္ခိုင်လူမျိုးတို့၏ မာန်မာနနှင့် မျိုးရိုးဂုဏ်သည် မာန်စွယ်ကျ၊ ဦးကျိုးသွားခြင်း မရှိခဲ့ကြောင်းကို လက်ရှိ တော်လှန်ရေးအောင်ပွဲများက သက်သေပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စစ်ရေးစစ်ရာတို့၏ နောက်ဆုံးသွားရာလမ်းသည် နိုင်ငံရေးစားပွဲဝိုင်းနှင့် ညှိနှိုင်း ဆွေးနွေးရေးပင် ဖြစ်သည်။ သို့သော် ဗမာလူမျိုးဝါဒီ အစိုးရအဆက်ဆက်တို့သည် တိုင်းရင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်တိုင်းတွင် အသာစီးမှ တဖက်ပိတ် ဆွေးနွေးလေ့ ရှိခဲ့သည်။ ထိုအခြေအနေများသည် တွေ့ဆုံဆွေးနွေးပွဲ ရလာဒ်များကို ဆိုးရွားစေသော အခြေအနေများဖြစ်ပြီး စစ်ရေးပဋိပက္ခကို တာရှည်စေသည့် အခြေအနေများလည်း ဖြစ်သည်။
မကြာသေးမီ သီတင်းပတ်က ပျံ့လွင့်လာသည့် Diplomat Magazine နှင့် အင်တာဗျူးတခုတွင် အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “စစ်အစိုးရက ကျနော်တို့ကို ၂၀၂၃ မတိုင်မီ အခြေအနေသို့ ပြန်သွားစေချင်တယ်… ဒီလိုဆိုရင် ကျနော်တို့ကလည်း ၁၇၈၄ အခြေအနေကို ပြန်သွားချင်တာပေါ့..” ဟု ပြောဆိုထားသည်ကို တွေ့ရှိရသည်။ ယိုယွင်းပျက်စီးနေသည့် နန်းရာကုန်း၊ မြို့ဟောင်းများ၊ ဘုရားပုထိုးများနှင့် ရက္ခိုင်ဘုရင့်နိုင်ငံတော်မှ သမိုင်းကြွင်းများကို မြင်ရတိုင်း ဇာတိသွေး ဇာတိမာန် ဖြစ်ပေါ်လာစေတတ်သည့် ရက္ခိုင်တို့အတွက် ဗိုလ်ချုပ်၏ စကားသည် တမျိုးသားလုံးကို ကိုယ်စားပြုနေသည် မှာ အမှန်ပင် ဖြစ်သည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်နှင့် ရွေးတုအစိုးရတို့သည် အာရက္ခပြည်တွင်းမှ ပကတိ မြေပြင်အရှိတရားကို အရှိတရားအတိုင်း လက်ခံပေးကာ တပ်တော်ခေါင်းဆာင်များနှင့် ညှိနှိုင်းရန် ရိုးရိုးသားသား ချဉ်းကပ်မှသာလျှင် အပစ်ရပ် ဆွေးနွေးပွဲ အထမြောက်လာဖွယ် ရှိနေသည်။ သို့မဟုတ်ပါက ၉၉ လတ္တံ့၏ ရှင်သန်နိုးထမှုနှင့် ၁၇၈၄ မတိုင်မီ အခြေအနေကို ပြန်လည်ရယူရေးတို့သည် အနှေးနှင့် အမြန် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။ ။
နီရီရီ

4 comments
Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Подробнее – https://vyvod-iz-zapoya-ehlektrostal3.ru/
Лечение в клинике начинается не с инъекции или психотерапевтического сеанса, а с диагностики. Врач выясняет, когда появился алкоголизм, как часто возникают запои, сколько лет человек употребляет спиртное, какие методы лечения уже использовались и удавалось ли раньше закодироваться. Такая беседа позволяет подобрать способ кодирования без шаблонного подхода. Если пациент раньше лечился и кодировка помогала только несколько месяцев, специалист анализирует причины срыва и предлагает более комплексную программу.
Ознакомиться с деталями – кодирование от алкоголизма выезд на дом
В клинике используются медикаментозные, психотерапевтические и комбинированные методы. Метод кодирования определяется индивидуально. Врач учитывает возраст, стадию алкоголизма, результаты диагностики, длительность зависимости и прежний опыт лечения. Один метод основан на использовании дисульфирама, другой предполагает применение налтрексона, третий связан с психотерапией и гипнозом. Современное лечение алкоголизма позволяет сочетать несколько направлений, если это оправдано состоянием человека.
Дополнительная информация – kodirovanie-ot-alkogolizma-na-domu-v-shchelkovo
Наркологическая помощь на дому строится с учетом возраста пациента, стажа алкоголизма или наркомании, сопутствующих заболеваний, ранее проведенного лечения и лекарств, которые уже использовались. Врач может назначить препараты, провести снятие выраженных проявлений абстиненции, выполнить детоксикацию и определить необходимость дальнейшей терапии. Если пациент много лет живет с зависимостью, лечение обычно не ограничивается одной процедурой: дополнительно могут применяться кодирование, психотерапия, лечение в клинике и реабилитация.
Изучить вопрос подробнее – запой нарколог на дом Воронеж