အာရက္ခတိုင်းမ်စ် (၁၈ မေ ၂၀၂၆)
မြန်မာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုးမှု အများဆုံးဒေသဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ စပါးစိုက်တောင်သူတချို့က လယ်ယာမြေတွေကို ပေါင်နှံပြီး ကွမ်းသီးနု ရောင်းဝယ်တာတွေကို လုပ်လာနေကြတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မိုးစပါးနဲ့ နွေစပါး စိုက်ရာသီတွေမှာ စပါးဈေးကောင်း မရခဲ့တာကြောင့် စပါးစိုက်တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် လယ်ယာတွေကို ပေါင်နှံပြီး ကွမ်းသီးနု ရောင်းဝယ်လာကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
လယ်တွေကို ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ ပေါင်နှံကြပြီး အဲဒီကနေ ရတဲ့ အရင်းအနှီးနဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့ ကွမ်းသီးနု ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး အဲဒီကရတဲ့ အကျိုးအမြတ်နဲ့ ပေါင်ထားတဲ့ လယ်တွေကို ပြန်ရွေးကြမှာလည်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက စပါးစိုက်တောင်သူတဦးက “တချို့လယ်သမားတွေ လယ်ပေါင်ပြီး ကွမ်းသီးအရောင်းအဝယ် လုပ်နေကြတယ်။ လယ်ပေါင်ပြီး အဲဒီကပိုက်ဆံနဲ့ ကွမ်းသီးထည့် ထည့်ပြီး ပြန်ရောင်းကြတယ်။ ကွမ်းသီးအနုတွေကို ရောင်းဝယ် လုပ်ကြတယ်။ လယ်ကိုပေါင်ပြီး အရင်းအနှီး လုပ်ကြတာပေါ့။ လယ် ၃ ဧက ရှိတဲ့သူက ၅ သိန်း ၁၀ သိန်းပေါ့။ သူတို့ လိုသလောက်လေးနဲ့ ပေါင်ကြတာပေါ့။ အတိုးနှုန်းကတော့ ဒီတောမှာကတော့ ၈ ကျပ် ၁၀ ပဲ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာ ကွမ်းသီးအရင့်တလုံးက ငွေကျပ် ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိပြီး ကွမ်းသီးနုက ၂၀၀ ကျပ်အထိ ဈေးကောင်းရနေတာကြောင့် ကွမ်းသီးနု ရောင်းဝယ်တာကို ပိုပြီး လုပ်နေကြတာ ဖြစ်ပါတယ်။
အဲဒါအပြင် လယ်စိုက်ပျိုးတာထက် ကွမ်းသီးနုရောင်းဝယ်တာက နေ့တိုင်း ဝင်ငွေရှိနေတဲ့ အလုပ်ဖြစ်တာကြောင့် လယ်မစိုက်ခင် ၂ လ ၃ လ အလိုမှာ တောင်သူတွေက အခုလို လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် လယ်တွေကို အတိုးနဲ့ ပေါင်ပြီးတော့ ကွမ်းသီးနု ရောင်းဝယ်တာကို လုပ်လာကြတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်က စပါးစိုက်တောင်သူ ဦးအေးလွင်က အာရက္ခတိုင်းမ်စ် သတင်းဌာနကို ပြောပါတယ်။
“ဒီအချိန်က ကွမ်းသီးအရောင်းအဝယ် ကောင်းတယ်လေ။ ကွမ်းသီးအနုတွေ ဝယ်ပြီးတော့ ရွာမှာ ဒိုင်ရှိတော့ ဒိုင်ကို ရောင်းကြတယ်။ လောလောဆယ် ပြဿနာတော့ ရှင်းတာပေါ့။ လယ်ကို ပေါင်ထားတယ် အတိုးနဲ့ ပေါင်ပြီးတော့ ကွမ်းသီးနုလုပ် အဲဒီကနေ ပြန်ရွေးပြီးတော့ လယ်ပြန်လုပ်ရင်လည်း လုပ်မှာပေါ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ကျောင်းကုန်း၊ ဘိုကလေး စတဲ့ မြို့နယ်က တောင်သူတော်တော်များများဟာ ကွမ်းသီးနု ရောင်းဝယ်တာကို လုပ်ကိုင်လာနေကြပြီး လယ်လုပ်ချိန်အထိ ပေါင်ထားတဲ့ လယ်တွေကို ပြန်မရွေးနိုင်သေးရင် ကွမ်းသီးနု လုပ်ငန်းကိုပဲ ဆက်လက် လုပ်ကိုင်ကြမယ်လို့ ပြောပါတယ်။
စပါးစိုက်တောင်သူ တော်တော်များများဟာ ပြီးခဲ့တဲ့ စပါးစိုက်ရာသီကနေ ထွက်ရှိလာတဲ့ စပါးတွေဟာ ဈေးကောင်းမရဘဲ အရှုံးနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် စိုက်ပျိုးစရိတ် ချေးငွေတွေကို အခုချိန်ထိ မဆပ်နိုင်ကြသေးဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် နောက်ထပ် လယ်ပြန်စိုက်နိုင်ဖို့ကို အခက်အခဲ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

18 comments
References:
New online casino lostdogs.co.za
References:
Genting casino newcastle https://fannientnj866800.dgbloggers.com/
References:
Wild rose casino emmetsburg bookmarkpress.space
References:
7 cedars casino https://concretewiki.site/
References:
Play blackjack online https://baby-newlife.ru/user/profile/579284
References:
Instant Casino App
References:
https://dodson-lyhne-2.federatedjournals.com/
References:
Diamond joe casino https://skitterphoto.com/photographers/2800221/mohamad-tobin
References:
Casino regina https://www.investagrams.com/
References:
Slot tamashebi https://pereira-wrenn.hubstack.net/vulkan-vegas-online-casino-echtgeld-vergleichmarkt24-bis-zu-12000
References:
Roulette rules https://telegra.ph/500-Willkommensbonus–50-Freispiele-sichern-05-26
References:
Century casino https://gardenwiki.site/
References:
Buffalo creek casino favpress.space
References:
Casino drive furiani https://onlinevetjobs.com/author/sandrashell20/
References:
Miami casino instapaper.com
References:
Online slot machines real money firsturl.de
References:
Fort sill apache casino socialbookmark.stream
References:
Casino auto sales https://hedgedoc.eclair.ec-lyon.fr/s/krrS-IjzK
References:
Top poker players https://molchanovonews.ru/