အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၆)
တရုတ်ဟာ ကိုးကန့်တို့အပေါ် လိုသလို လုပ်ဆောင်နိုင်ပေမယ့်လည်း ရက္ခိုင်နဲ့ ကချင်တို့အပေါ်ကိုတော့ အဲဒီလို လုပ်ဆောင်လို့ မရဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကိုးကန့်တို့ဟာ အရင်ကတည်းက တရုတ်နဲ့ လူမျိုးချင်းတူသလို ရင်းနှီးမှုလည်း ရှိတာကြောင့် တရုတ်က ဆက်ဆံရလွယ်ကူပြီး ရက္ခိုင်နဲ့ ကချင်တို့ကတော့ တရုတ်ပြောသမျှ စကားတိုင်း နားထောင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
“သူတို့က ဒီလိုရှိတယ်။ ဟိုအဖွဲ့တွေနဲ့ မတူဘူး။ MNDAA တို့ ဘာတို့က တရုတ်နဲ့က ပိုပြီး ရင်းနှီးတာပေါ့။ နောက် လူမျိုးချင်းလည်း တူတယ်။ MNDAA ဆိုတော့။ အစကတည်းကလည်း ဆက်ဆံလာတာဆိုတော့ သူတို့နဲ့ ပိုပြီး အဆင်ပြေတယ်။ KIA တို့ AA တို့ကြတော့ အစကတည်းက သီးခြား သူတို့ဟာ သူတို့ ပေါ်ပေါက်လာတာ။ အစကတည်းက တရုတ်နဲ့ ခပ်တန်းတန်းနဲ့နေပြီး သူတို့ပေါ်လစီနဲ့ သူတို့နေကြတဲ့ လူတွေ။ ဒီတော့ သူတို့ကတော့ တရုတ်ပြောတိုင်းတော့ လိုက်နားထောင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်ကိုလည်း ကဏ္ဌကောစတော့ မလုပ်နိုင်ဘူးပေါ့။ အသင့်အတင့်တော့ သူတို့ဆက်ဆံရမှာပဲ။ ဒါပေမယ့် MNDAA တို့၊ TNLA တို့လို ပြောသမျှပြီးတဲ့ ကိစ္စမျိုးတော့ မဖြစ်နိုင်ပါဘူး။ သူတို့လည်း သူတို့လမ်း သူတို့ လျှောက်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းလုံး ကျင်းပပြီးစီးပြီး မတ်လမှာ လွှတ်တော်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။
အဲဒီ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရတာဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စစ်ကော်မရှင်ခေါင်းဆောင်တို့အကြား ထားရှိတဲ့ သဘောတူညီမှုကြောင့် ဖြစ်တယ်လို့ မစ္စတာတိန့်ရှီကျွင်းရဲ့ ပြောဆိုမှုအရ သိရပါတယ်။
ဒါကြောင့် လက်ရှိဟာ ပွင့်လင်းရာသီဖြစ်တာနဲ့အညီ စစ်တပ်ဘက်ကလည်း နိုင်ငံရေးအရ အစိုးရဖွဲ့နိုင်ပြီဆိုပြီး အပေါ်စီးရသလို အခြေအနေတွေကြောင့် တိုက်ခိုက်ရေးက ပိုဆိုးလာနိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီကာလမှာတော့ ခုနကလည်း ကျမ ပြောပြီးပြီလေ။ ပွင့်လင်းရာသီဖြစ်တော့ တိုက်ရေးခိုက်ရေးကပဲ ပိုဆိုးလာမယ်ထင်တယ် ကြည့်ရတာ။ စစ်တပ်ဘက်ကလည်း အပေါ်စီးရသလို ဖြစ်တာပေါ့ နိုင်ငံရေးအရ အစိုးရတောင် ဖွဲ့ပြီဆိုပြီးတော့ သူက တိုက်လာလိမ့်မယ်။ အဲဒီတော့ ဟိုဘက်ကလည်း တိုက်စရာရှိတာ တိုက်လာလိမ့်မယ် ထင်တယ်။ စစ်ရေးအရတော့ ပိုမို ပြင်းထန်လာစရာ ရှိပါတယ်။ ဒါပေမယ့် ခုနက ကျမ ပြောတာက တရုတ်ရဲ့လမ်းစဉ်ကို ပြောတာဖြစ်တယ်။ တရုတ်က အဲဒီလို ပြောလာနိုင်တယ်လို့ ပြောတာဖြစ်တယ်။ တကယ့်တကယ် ဗမာပြည်မှာတော့ စစ်ရေးတွေ ဘာတွေ ပိုမိုရှုပ်ထွေးပြီး၊ ပိုမိုကြမ်းတမ်းလာလိမ့်မယ် ထင်ပါတယ်။ သူတို့ ဒီစစ်တပ်က ဘယ်တုန်းကမှ ငြိမ်းချမ်းရေးလိုချင်တာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ ငြိမ်းချမ်းရေးပွဲတွေလုပ်လည်း နှစ်ယောက်တပိုင်းရှိတဲ့ အဖွဲ့တွေပေါ့။ အဲဒါတွေ ခေါ်ပြီး လုပ်ချင်လုပ်မှာပဲ။ အပေါ်ယံ။ တကယ့်တကယ် ဟိုဒင်းပြုတဲ့လူတွေကို ဖိတ်တောင်ဖိတ်မှာတောင် မဟုတ်ဘူး။ ဒါပေမယ့် တရုတ်က ဖိအားပေးရင် သူက တိုင်းရင်းသားတင် မဟုတ်ဘူး။ စစ်တပ်ကိုပါ ဖိအားပေးနိုင်တဲ့ Leverage ရှိတယ်လေ။ အဲဒီတော့ တရုတ်ဖိအားပေးရင်တော့ တစ်မျိုးပေါ့ ဘာတွေဖြစ်ဦးမလဲတော့ မသိဘူး” လို့ သူက ပြောပါတယ်။
ရွေးကောက် တင်မြှောက်ပြီးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် စာရင်းချုပ်ကို UEC က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၃၉ ဦး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) က ၃၉ ဦး၊ ပြည်သူ့ပါတီ(PP) က ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ၁၈ ဦး စသဖြင့် အသီးအသီး အနိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊ နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၇ ဦး၊ ဇိုမီးအမျိုးသားပါတီက ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၆ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီက ၆ ဦး၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီက ၅ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက ၅ ဦး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၄ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီက ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၃ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

3 comments
После обращения в клинику «Основа» наш специалист незамедлительно выезжает для оказания экстренной медицинской помощи в Новосибирске. Процесс установки капельницы предусматривает комплексную диагностику и последующее детоксикационное лечение, что позволяет снизить токсическую нагрузку и стабилизировать состояние пациента. Описание процедуры включает следующие этапы:
Выяснить больше – сколько стоит капельница на дому от запоя
Вывод из запоя на дому подходит пациентам, у которых врач не выявляет признаков тяжелого осложнения. Такой формат позволяет провести лечение в привычной обстановке, не доставляя ослабленного человека самостоятельно в клинику. Нарколог приезжает по указанному адресу, оценивает состояние пациента и определяет, какие процедуры могут безопасно выполняться на дому.
Получить больше информации – наркологический вывод из запоя
Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Дополнительная информация – https://8.narcolog-na-dom-voronezh0.ru/